|
Myanmar Books
Publishers
|
|
'အတ္တဟိတ'
,
'ဆေကိန္ဒ'
,
'fashion catalog'
,
'စာပေရေးရာ'
,
'ကပ်စထရို'
,
'Bead'
,
'gmail'
,
'မေတ္တာ'
,
'မိုးမခ'
,
'ဒီမိုကရေစီအလေ့အကျင့်'
,
'ဦးသိန်းဦး'
,
'ဝင်းနိုင်ဦး'
,
'မင်းညစ်'
,
'ငတက်ပြား'
,
'မြတ်မင်းမောင်'
,
'royalty'
,
'Animation'
,
'စိန်ထွန်း'
,
'ပျူခေတ်'
,
'အောင်နှင်'
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: ရုရှားခေါင်းဆောင်များသည် သူတို့ဘဝကို ပွင့်ပွင့်လင်းလင်း ပြောဆိုလေ့ မရှိကြသော်လည်း ၂၁ ရာစုခေတ် စစ်အေးကာလခေတ်လွန် ရုရှားနိုင်ငံ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗလာဒီမာပူတင်အကြောင်းကိုမူ ဤစာအုပ်တွင် အသေးစိတ် လေ့လာသိရှိကြရမည်ဖြစ်သည်။ ထောက်လှမ်းရေးသတင်းသမား၊ နိုင်ငံရေးသမား၊ ယဲ့လ်ဆင်က ဝန်ကြီးချုပ်အဖြစ် ခန့်ထားခြင်း ခံရသူ၊ အနာဂတ် ရုရှားနိုင်ငံ၏ ကံကြမ္မာကို မင်းပဲစောင့်ရှောက်ပါဟု ပြောကြားခြင်း ခံခဲ့ရသူ၊ ရုတ်တရက် မထင်မှတ်ဘဲ နိုင်ငံရေးဇာတ်ခုံသို့ တက်ရောက်လာခဲ့ပြီး အင်အားကြီးမားသော၊ အလွန်လည်း ရှုပ်ထွေးသော၊ ဆတ်ဆတ်ထိမခံသော နိုင်ငံကြီးတစ်နိုင်ငံဖြစ်သည့် ရုရှားနိုင်ငံ၏ သြဇာအာဏာကို ရရှိခဲ့သူ ဗလာဒီမာပူတင်ကို နာတာလီယာ ဂျီဗိုကာယန်၊ နာတာယီယာ တီမာခိုဝါ၊ အွန်ဒရေ ကိုလက်နီကော့(ဗ)တို့က ၆ ကြိမ်ခွဲပြီး တွေ့ဆုံခဲ့ပြီး တစ်ခါတွေ့ဆုံတိုင်း ၄ နာရီကြာအောင် အင်တာဗျူးလုပ် မေးမြန်းပြီးနောက်တွင်မှ ဤမူရင်းစာအုပ်ကို ရေးသားခဲ့ခြင်း ဖြစ်သည်။ သူ၏ ငယ်ဘဝ ဖြတ်သန်းမှုနှင့်တကွ ရုရှားနိုင်ငံရေး ဇာတ်ခုံအကြောင်း၊ ချေချင်းညာစစ်ပွဲကဲ့သို့ ခွဲထွက်ပြည်နည် အရေးအခင်းများအကြောင်းကိုပါ အတွင်းကျကျ လေ့လာသိရှိကြရမည် ဖြစ်သည်။ ပူတင်ကိုယ်တိုင်က ဤစာအုပ်နှင့် ပတ်သက်၍ “ ... တွေ့ကြုံရသမျှ အားလုံးကို ဖွင့်ထားသည့် စာအုပ်တစ်အုပ်ပဲ ... ”ဟု မှတ်ချက်ပြုထားသည်။ မူရင်းစာအုပ်အမည်မှာ First Person (An Astonishingly Frank Self Portrait) By Russia's President Vladimir Putin ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|