|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ၈၈ အရေးအခင်းအလွန် ထူထောင်ခဲ့သော ပြည်ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ်တွင် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူ မန်းညွန့်မောင် (ခ) မောင်စင်ကြယ်က ၈၈ အလွန် သူ၏ နိုင်ငံရေးလှုပ်ရှားမှူအတွေ့အကြုံများကို စာအုပ်အဖြစ် မှတ်တမ်းတင်ပြုစုထားခြင်း ဖြစ်သည်။ သူသည် ရွေးကောက်ပွဲအလွန်၌ စစ်အစိုးရ၏ ထောင်သွင်းအကျဉ်းချထားခြင်းကို ခံခဲ့ရပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာဏာရလာချိန်၌ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှ လွတ်မြောက်ခဲ့သည်။ သူသည် ထောင်မှ လွတ်မြောက်ပြီးနောက် KNU တို့၏ မာနယ်ပလောသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ယခုစာအုပ်တွင် သူဘယ်ပုံဘယ်နည်း မာနယ်ပလောသို့ ထွက်ပြေးလွတ်မြောက်ခဲ့ပုံ၊ ဗိုလ်ချုပ်မြ, ပဒိုဘသင်, ဗိုလ်ချုပ်မောင်မောင်, ပဒိုစံလင်း, ဗိုလ်ချုပ်ကျော်သောင်း, ဗိုလ်ချုပ်ရွှေဆိုင်း အပါအဝင် KNU ထိပ်ပိုင်းခေါင်းဆောင်များအကြောင်း၊ မာနယ်ပလောစစ်စခန်းအကြောင်း၊ ထိုစခန်း၌ရှိစဉ် ထိတွေ့ခဲ့ရသည့် တောခိုလာသည့် နိုင်ငံရေးသမားများအကြောင်း၊ ဒေါက်တာစိန်ဝင်း၏ အမျိုးသားညွန့်ပေါင်းအစိုးရအကြောင်း၊ နအဖနှင့် KNU တို့၏ ဆွေးနွေးပွဲများအကြောင်း၊ မြိုင်ကြီးငူဆရာတော်နှင့် မြစ်ဆုံအရေးအခင်း အပါအဝင် နောက်ဆုံး မာနယ်ပလောကျဆုံးခဲ့ချိန်အထိ အကြောင်းအရာများကို အသေးစိတ်မှတ်တမ်းတင် ရေးသားထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|