|
Myanmar Books
Publishers
|
|
'ဆရာဒဂုန်'
,
'Organic'
,
'trade'
,
'ဣတ္ထိယ'
,
'မဃဒေဝ'
,
'မာရီကျူရီ'
,
'ချင်းအမျိုးသား'
,
'ချင်းဝတ္ထု'
,
'သာယာဝတီ'
,
'sutta'
,
'ဦးသိန်းဦး'
,
'မိုးကုတ်'
,
'တစ်ချောင်းထိုး'
,
'သံဘိုတောရဆရာတော်'
,
'တိကု'
,
'အဏ္ဏဝါစိုးမိုး'
,
'အလုံ'
,
'body'
,
'ညောင်ဦး'
,
'ပဌာန်းပါဠိတော်'
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- ဖက်ဆစ်တော်လှန်ရေးကာလ ဗမာပြည်ပေါ်မှ ကြယ်နီများ
-
-
Author(s):
ကလောင်စုံ
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 270
- Binding: Paperback
- Publication Month Year: Jun-2013
- Size: 13 cm x 21 cm
|
- Description: အမျိုးသား သွေးစည်းညီညွတ်ရေးကို အခိုင်အမည်တည်ဆောက်ပြီး မှန်ကန်သည့် ခေါင်းဆောင်မှုကို နာခံလျက် ဖက်ဆစ်စနစ်ဆိုးကို တိုက်ဖျက်ခဲ့ကြသော တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ ဂုဏ်ကျေးဇူးကို ပူဇော်သောအားဖြင့် ထုတ်ဝေလိုက်သော ဤစာအုပ်တွင် ဗိုလ်မှူးချုပ်ကျော်ဇော၊ သခင်ဗသိန်းတင်၊ ဗိုလ်မှူးချစ်ကောင်း၊ ဒဂုန်တာရာ၊ မြသန်းတင့် အပါအဝင် ဝါရင့် နိုင်ငံရေသမားကြီးများ၊ စာရေးဆရာများ ရေးသားသည့် ဂျပန်ခေတ်တော်လှန်ရေးအကြောင်း ဆောင်းပါးတစ်ပုဒ်စီကို စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည်ဖြစ်သည်။ ရဲဘော်ထွန်း၏ ဧည့်သည်၊ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ အနှစ် ၆ဝ မြောက် ဗမာ့တော်လှန်ရေးနေ့၊ (ပဲခူး) နေဝင်း၏ ဖက်ဆစ်တော်လှန်ရေး အောင်ပွဲမှ လုံးဝလွတ်လပ်ရေးသို့၊ ရဲဘော်ဖေသောင်း၏ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ဝ က၊ ရဲဘော်စိုးသိန်း၏ ဂျပန်ဖက်ဆစ်ဝါဒကို တော်လှန်စဉ်က မြန်မာတို့ရဲ့ ပြည်သူ့စစ်ပွဲ၊ သာအောင်၏ ကြွေ ... သို့သော် ... ဝေဆဲ (နှလုံးသားလှသည့် ကိုလှ)၊ ယင်းတော်မောင်မောင်၏ တောင်ယံမှာ အောင်လံစိုက်ကာမှ၊ သခင်ဗသိန်းတင်၏ တိုင်း (၅) မှ ဖက်ဆစ်တော်လှန်ရေးအတွေ့ွှကြုံ၊ ရဲဘော်ကျော်မြ (ရခိုင်)၏ ရခိုင်တိုင်းမှ ဖက်ဆစ်တော်လှန်ရေး အတွေ့အကြုံ၊ ရဲဘော်အောင် (ဗိုလ်မျိုးမြင့်)၏ ကြားခဲ့ရတဲ့ အသံများနှင့် မှတ်မှတ်ရရ အတွေ့အကြုံ၊ ခင်ဝင်း၏ သခင်သန်းဖေ (သို့မဟုတ်) နတ်ဘီလူး၊ ညိုအေပာင်၏ ဖက်ဆစ်ဂျပန်တော်လှန်ရေးမှ အညတရယူဂျီများ၊ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု ဖတပလ (ဖဆပလ) အဖွဲ့ချုပ်ကြီး စတင်ဖွဲ့စည်းရန် လုံးပန်းအားထုတ်ခြင်း၊ ရဲဘော်ဟောင်းတစ်ဦး၏ ဖက်ဆစ်တော်လှန်ရေးအတွင်းမှ အညတရရဲဘော်များ၊ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ ဖက်ဆစ်တော်လှန်ရေး ဝန်းကျင်ကာလ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်နေဝင်းတို့ ဆက်ဆံရေး တစေ့တစောင်း မြင်တွေ့ရချက်နှင့် အခြားအဖြစ်အပျက်အချို့၊ ဖက်ဆစ်တော်လှန်ရေး ရဲဘော်တစ်ဦး၏ တိုင်း (၃) မှ ဖက်ဆစ်တော်လှန်ရေး အတွေ့အကြုံ၊ ဝင်းထွဋ်ဇော်၏ ဝတ်ရုံမဲ့သူရဲကောင်း၊ ဒဂုန်တာရာ၏ လွတ်လပ်ရေးအတ္ထုပ္ပတ္တိမှ ကောက်နုတ်ချက်၊ ရဲဘော်ချစ်ညို၏ ဒို့ခေါင်းဆောင်ကြီး သခင်သိန်းဖေ၊ မြသန်းတင့်၏ မီးလောင်မြေအမှာမှ ကောက်နုတ်ချက်၊ ဇော်ဝင်းကို၏ တန်ခူးကို နေရာမှန် ပြန်ပေးကြပါ အစရှိသည့် ဆောင်းပါးများ ပါရှိသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|