|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- မြန်မာနိုင်ငံ၏ ၁၉၈၈ ခုနှစ် အရေးအခင်း (အတွဲ ၂)
-
-
Author(s):
ဒေါက်တာမောင်မောင်
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 408
- Binding: Paperback
- Publication Month Year: Nov-2013
- Size: 15 cm x 20 cm
|
- Description: ပညာဉာဏ်ထက်မြက်ခြင်း၊ မေတ္တာစေတနာ ထားတတ်ခြင်းတို့အပြင် အကျင့်သီလကောင်းမွန်စွာဖြင့် ပေးအပ်သည့်တာဝန်များကို ဦးလည်မသုန် ထမ်းရွက်ခြင်းတို့ကြောင့် လူသိများသူ နိုင်ငံတော် သမ္မတဟောင်း ဒေါက်တာမောင်မောင်က သူသမ္မတဖြစ်ခဲ့ချိန် ကိုင်တွယ်ခဲ့ရသည့် ၈၈ အရေးအခင်းအကြောင်းနှင့် ၎င်းအရေးအခင်းအကြောင်း လေ့လာသုံးသပ်ချက်များကို အသေးစိတ် ရေးသားမှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ဒေါက်တာမောင်မောင်သည် တိုင်းပြည်ပျက်လုမတတ်သော အချိန်ကာလအတွင်း တစ်ပါတီစနစ်ကို အပြီးသတ်စေဖို့ မလွှဲသာ မရှောင်သာ မငြင်းမပယ်သာဖြင့် တိုင်းပြည်၏ မျက်နှာကို ငဲ့ညှာပြီး နိုင်ငံတော်၏ အမြင့်ဆုံးသော သမ္မတရာထူးကို လက်ခဲ့သော်လည်း ထိုသမ္မတသက်တမ်းသည် တစ်ခဏသာခံမည်ဖြစ်ကြောင်း ၎င်းအချိန်ကတည်းက သိခဲ့သည်ဟုဆိုသည်။ သူထင်သည့်အတိုင်းပင် သမ္မတရာထူးကို ၃၁ ရက်ကြာသာ တာဝန်ထမ်းဆောင်ခဲ့ရရာ ထိုကာလအတွင်း ပြည်သူများကို ငါးကြိမ်တိုင်တိုင် တောင်းပန်ဝန်ချခဲ့သလို လွှတ်တော်ကိုလည်း ဖျက်သိမ်းပေးခဲ့သည်။ ယခုစာအုပ်တွင် ဦးနု၊ ဦးနေဝင်း၊ ဦးအောင်ကြီး အစရှိသည့် သူလေ့လာမိသမျှ ဝါရင့်နိုင်ငံရေးသမားများအကြောင်း၊ သူသမ္မတတာဝန်ယူစဉ်က သူ့ထံလာတွေ့သည့် ပြည်ပမှ နိုင်ငံရေးသမားများအကြောင်း၊ အရေးအခင်းကာလ စစ်တပ်နှင့် ဆန္ဒပြပြည်သူများ၏ ထိပ်တိုက်တွေ့မှုများအကြောင်း၊ ထိုစဉ်က တပ်မတော် ထိပ်တန်းအရာရှိများဖြစ်ကြသော ဗိုလ်ချုပ်ကြီးစောမောင်၊ ဗိုလ်ချုပ်ကြီးသန်းရွှေ၊ ဗိုလ်မှူးကြီးခင်ညွန့်တို့နှင့် သူ၏ အစိုးရအဖွဲ့ ဆက်ဆံရေး၊ သူသမ္မတဖြစ်စဉ် ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်အကြောင်း အပါအဝင် မြန်မာ့နိုင်ငံရေး၏ အရေးကြီးအလှည့်အပြောင်းကာလမှ ဖြစ်စဉ်များကို အထောက်အထား အကိုးအကားပြည့်ပြည့်စုံစုံဖြင့် ရေးသားမှတ်တမ်းတင်ထားသည်။ မြန်မာနိုင်ငံရေးသမိုင်းကြောင်းကို လေ့လာသူတိုင်း မလွတ်တမ်းဖတ်ရှုကိုးကားသင့်သော စာအုပ်တစ်အုပ်ပင် ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|