|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ကနေဒါလူမျိုး မဂ္ဂဇင်းဂျာနယ်လစ်တစ်ယောက်ဖြစ်သူ Patricia W.Elliott ရေးသားသည့် The White Umbrella (A Woman's Struggle for Freedom in Burma) စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတလည်းဖြစ်၊ ညောင်ရွှေစော်ဘွားကြီးလည်းဖြစ်သည့် စဝ်ရွှေသိုက်၏ ဇနီးဖြစ်သူ မဟာဒေဝီ စဝ်ဟိန်းခမ်းကိုယ်တိုင်ပြောပြချက်များကို ရသဟန်ဖြင့် ဖွဲ့ဆိုရေးသားထားသည့် စာအုပ်ဖြစ်သည်။ ရှေးယခင် ဆစ်ဆောင်ပနားနှင့် တာလီဖူး (ယခုကူမင်း)တွင် ရှမ်းမင်းဆက်များ စိုးစံရာမှ မွန်ဂိုများ၏ ရန်ပြုတိုက်ခိုက်မှုကြောင့် ထီးနန်းပျက်ပြီး မြန်မာနိုင်ငံရှိ ရွှေလီမြစ်ထိတိုင် စုန်ဆင်းလာခဲ့ကြပုံ၊ ထို့နောက် မြန်မာမင်းများကို လက်ဆောင်ပဏ္ဏာအခွန်ဆက်သပြီး နေထိုင်ခဲ့ကြပုံ အစရှိသည့် ရှမ်းလူမျိုးများ၏ သမိုင်းကြောင့်ဖြင့် စာအုပ်ကို အစချီထားသည်။ ထို့နောက် မဟာဒေဝီ မယ်တော်၏ ငယ်ဘဝ၊ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်နှင့် လက်မထပ်လိုသော်လည်း အစ်ကိုဖြစ်သူကြောင့် လက်ထပ်ခဲ့ရပုံ၊ အင်္ဂလိပ်ခေတ်, ဂျပန်ခေတ်, ဖဆပလခေတ်, တော်လှန်ရေးကောင်စီခေတ်, မဆလခေတ်တို့ကို မည်သို့ဖြတ်သန်းခဲ့ရပုံ၊ ဖဆပလခေတ်က သူကိုယ်တိုင် လွှတ်တော်အမတ်အဖြစ် နိုင်ငံရေးလောကထဲ, လွှတ်တော်ထဲရောက်လာခဲ့သော်လည်း လူမျိုးရေးနှင့် မြန်မာပြည်တစ်ပြည်လုံး၏ နိုင်ငံရေးကို မခွဲခြားတတ်ပုံ အစရှိသည့် သူ၏ နိုင်ငံရေး၊ မိသားစုရေး အတွေ့အကြုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်ခင်ကြည်၊ ဦးနု၊ ဦးစော၊ ဒေါက်တာဗမော်၊ ဗိုလ်ချုပ်နေဝင်း၊ နေရူး၊ ဂန္ဒီ၊ ချာချီ၊ မောင့်ဘတ်တန်၊ ဆူဇူကီး၊ မော်စီတုံး၊ ကျိုးအင်လိုင်း၊ ဖုရီ၊ ခွန်ဆာ၊ လောစစ်ဟန်၊ ဂျင်မီယန်း၊ SSA လက်နက်ကိုင်အဖွဲ့၊ ဘိန်း၊ ဝစစ်တပ်၊ CIA အစရှိသည့် သူထိတွေ့ခဲ့ရသော နိုင်ငံရေးသမားများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ အကြောင်း၊ ၁၉၆၂ ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီး လင်ဖြစ်သူသည် ထောင်ထဲ၌ သေဆုံးခဲ့ရပုံ၊ ၎င်းနောက်ပိုင်း SSAတပ်ကိုဖွဲ့စည်းကာ ဗိုလ်ချုပ်နေဝင်းကို လက်နက်ကိုင် ပုန်ကန်ခဲ့ပုံများ၊ လူမသိသေးသည့် နယ်စပ်ဘိန်းကုန်ကူးမှုများ၊ နယ်စပ်ပြဿနာများ အစရှိသည်တို့ကို စာအုပ်တွင် စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည် ဖြစ်သည်။ ဘာသာပြန်ဆိုသူက မူရင်းစာအုပ်ပါ မဟာဒေဝီ၏ ဒေါသကြီးမှု၊ စိတ်မြန်မှု၊ သူ့မာန်သူ့ထန် သူ့စရိုက် သူ့စိတ်ရင်းဖော်ပြချက်များကို မပျောက်မပျက်အောင် ဘာသာပြန်ဆိုထားပါသည်ဟု ဆိုထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|