|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- လမ်းစဉ်ပါတီ ဘာကြောင့် မအောင်မြင်ခဲ့သနည်း
-
-
Author(s):
မောင်ဉာဏ်ပေါ်
- Type: Myanmar Books
-
Category:
နိုင်ငံရေး
- No of Pages: 92
- Binding: Paperback
- Publication Month Year: Jan-2014
- Size: 13 cm x 21 cm
|
- Description: မြန်မာ့ဆိုရှယ်လစ်လမ်စဉ်ပါတီ (မဆလ) တွင် ၁၉၆၉ ခုနှစ်မှ ပါတီဖျက်သိမ်းသည့် ၁၉၈၈ ခုနှစ်အထိ စာရေး၊ စာရေးကြီး၊ ရုံးအုပ်၊ လက်ထောက်စိစစ်ရေးမှူး အစရှိသည်ဖြင့် ရာထူးအဆင့်ဆင့်ထမ်းဆောင်ခဲ့သူ စာရေးသူက “လမ်းစဉ်ပါတီ ဘာကြောင့် မအောင်မြင်ခဲ့သနည်း” ဆိုသည့် အမေးကို ဤစာအုပ်တွင် ဝေဖန်ဆန်းစစ် အဖြေထုတ်ပေးထားသည်။ လမ်းစဉ်ပါတီ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ နိုင်ငံရေး၊ စီးပွားရေး၊ စည်းရုံးရေးနှင့် လူမှုရေးဟူ၍ အပိုင်းများခွဲကာ လေ့လာသုံးသပ်ထားသည်။ လမ်းစဉ်ပါတီ ချမှတ်ခဲ့သည့် မူများအကြောင်း၊ အဆိုပါမူများကို အကောင်အထည်ဖော်သည့် တာဝန်ရှိသူများသည် မည်သို့ကိုယ်ကျိုးရှားခဲ့ကြပုံများ၊ ပါတီဥက္ကဋ္ဌဖြစ်သူ ဦးနေဝင်းကိုယ်တိုင်က မိမိအာဏာတည်မြဲရေးအတွက်ဆိုရှယ်လစ်ဝါဒကို မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်ဝါဒဟုဆိုကာ အသုံးချခဲ့ပုံများ၊ လမ်းစဉ်ပါတီ အာဏာရစချိန်က ထောက်ခံသူများခဲ့သော်လည်း လုပ်နည်းလုပ်ဟန် မှားယွင်းမှု၊ စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းမှု၊ လူမှန် နေရာမှန် ရွေးချယ်တာဝန်မပေးနိုင်မှု၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အခြေအနေကတောင်းဆိုနေသော်လည်း အချိန်မီ ထိရောက်စွာ မပြုပြင် မပြောင်းလဲနိုင်မှုတို့ကြောင့် တစ်စထက်တစ်စ မကျေနပ်သူများ များလာပုံ၊ အထက်တန်းအလွှာမှ အောက်ခြေအထိ ကိုယ်ကျင့်တရားပျက်ပြားမှု၊ စိတ်ဓာတ်ရေးရာ နိမ့်ကျမှုများ ပျံ့နှံ့လာခဲ့ပုံ၊ နောက်ဆုံး တိုင်းပြည်စီးပွားရေးနိမ့်ကျကာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်သို့ ဆင်းသက်ခဲ့ရပုံများကို ရှုထောင့်စုံမှ ဓမ္မဒိဋ္ဌာန်ကျကျ ဝေဖန်သုံးသပ်ရေးသားထားသည်ကို တွေ့ရသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|