|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ဗမာပြည်ကို ကျောထောက်နောက်ခံထားသည့် အကြောင်းအရာများကို အများဆုံးရေးသည့် ဗြိတိသျှအစိုးရ လက်အောက်ခံ ပဋိညာခံအရာရှိဟောင်းတစ်ဦးဖြစ်သူ မောရစ်(စ်)ကောလစ် (Maurice Collis)၏ Into Hidden Burma စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ ၁၉၁၉ ခုနှစ်မှ ၁၉၃၄ ခုနှစ်အတွင်း မြန်မာပြည်၌ မူရင်းစာရေးသူ၏ တွေ့ကြုံခံစားခဲ့ရသည်များကို နောက်ကြောင်းပြန်ရေးသားထားသည့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ် ဖြစ်သည်။ ဗမာ့အံ့ဖွယ်များ၊ ရိုးရာယဉ်ကျေးမှုများ၊ ဓလေ့စရိုက်များ၊ ကဗျာအကြောင်း, စာအကြောင်း, ပန်းချီအကြောင်း, ဆေးအကြောင်း, စနစ်အကြောင်း, ခေတ်အကြောင်း, ပညာရေးအကြောင်း, ဘာသာရေးအကြောင်း, တရားစီရင်ပုံအကြောင်းအပါအဝင် အကြောင်းအရာစုံကိုလည်း စာအုပ်တွင် ထည့်သွင်းဖော်ပြထားသည်။ သို့သော် ဗမာလူမျိုးများကို မနှိမ်ဘဲ ဗမာပြည်အကြောင်း၊ သူလေ့လာရသမျှ ဗမာ့ယဉ်ကျေးမှုနှင့် ဗမာ့သဘောထားကို သိမြင်နားလည်ထားသလောက် ရေးသားထားသည်။ ဗမာမသိသေးသည့် ဗမာ့အကြောင်းများကိုပင် ရှာရှာဖွေဖွေလေ့လာတင်ပြထားသည်ကို တွေ့ရသည်။ ထို့ပြင် ဗမာ့လွတ်လပ်ရေးလှုပ်ရှားမှုများအပေါ် သူ၏အမြင်များကိုလည်း ရေးသားရှင်းလင်းထားသည့်အတွင် ကိုလိုနီခေတ် မြန်မာနိုင်ငံသမိုင်းကို စိတ်ဝင်စားသူတိုင်း ဖတ်ရှုလေ့လာသင့်သည့် စာအုပ်ကောင်းတစ်အုပ်ပင် ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|