|
Myanmar Books
Publishers
|
|
'Wellness'
,
'ရှေးရိုးပန်းချီ'
,
'စိန်လှဦး'
,
'တော်စိန်ခို'
,
'အင်ဒို'
,
'မောင်သန်းဆွေ'
,
'Pop'
,
'fruity loop'
,
'Shortcuts'
,
'sticker'
,
'the best'
,
'SolidWoks'
,
'ရက်ကန်းစင်တောင်'
,
'ကုန်ရောင်း'
,
'ကုလသမဂ္ဂ'
,
'Shuffle'
,
'ဖုန်းပြော'
,
'ထောင်မှူး'
,
'ဖိုးကျော့'
,
'nay'
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: တရုတ်နိုင်ငံ ကျိန်င်မင်းဆက်၏ နောက်ဆုံးဧကရာဇ်ဖြစ်သူ အိုင်စင်ဂိအော်ရောပုယိသည် ပဒေသရာဇ်ခေတ်လွန် တရုတ်သမ္မတနိုင်ငံခေတ်ရောက်ချိန်၌ နာမည်ခံ ဧကရာဇ်အဖြစ်နေရသည်ကို မနှစ်မြို့သောကြောင့် ဂျပန်နှင့် ဆက်သွယ်ခဲ့ရာ သူ့ကို ဆိုဗီယက်တို့က ရာဇဝတ်ကောင်အဖြစ် ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခြင်းခံရပြီးနောက် သူ့ကို တရုတ်ပြည်သို့ ပြန်ပို့ခဲ့ရာ ပထမတွင် ဧကရာဇ်စိတ်မကုန်သေးသော်လည်း သူ့ကိုအားလုံးဝိုင်းကူညီခဲ့ကြသဖြင့် လက်ကျန်ဘဝအချိန်များကို သာမန်လူတစ်ဦးအဖြစ် ကျေနပ်စွာ ဖြတ်သန်းခဲ့သည်။ ဤစာအုပ်တွင် သူ့ဘဝသူ့အကြောင်းကို အသေးစိတ်လေ့လာကြရမည်ဖြစ်သည်။ တရုတ်ရာဇဝင်တွင် ဧကရာဇ်ခေတ်၊ သမ္မတခေတ်၊ နယ်ချဲ့အရင်းရှင်ခေတ်၊ ကွန်မြနစ်ခေတ်ဆိုသည့် ခေတ်အဆက်ဆက်ပြောင်းလဲခဲ့ပုံများနှင့် ဆိုးသွမ်းယုတ်မာသည့် နယ်ချဲ့တို့၏ သဘောတို့ကို ပေါ်လွင်စွာ ရေးသားမှတ်တမ်းတင်ထားသည်။ ဘာသာပြန်ဆိုသူ ဆရာကြီး ဒေါက်တာသန်းထွန်းက “ငါဟာ သူများနဲ့တူတာမဟုတ်ဘူး၊ ငါက ဘယ်လို ဘယ်ညာပဲလို့ “ဘူဇွာတွေး” တွေးတတ်သည့်သူများ “လူဖြစ်ချင်ရင်” ဒီစာအုပ်ဖတ်ပါ”ဟု အမှာစာတွင် ညွန်းဆိုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|