|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: ၈၈ အရေးအခင်းပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်နယ်မြေများသို့ ရောက်ရှိလာခဲ့ကြသော ကျောင်းသားလူငယ်များသည် ဒေသအသီးသီးတွင် မကဒသ (ကျောင်းသားတပ်မတော်)အား ကျောင်းသားကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့ရာ ကချင်ဒေသ KIA ထိန်းချုပ်ရာ နယ်မြေတွင်လည်း မကဒသ (ကချင်)ကို ဖွဲ့စည်းခဲ့သည်။ နောက်ပိုင်းတွင် ကချင်ပြည်နယ် ပြင်ပမှ ကျောင်းသား အမြားအပြား ရောက်ရှိလာသဖြင့် ABSDF (Kachin)ကို ABSDF - မြောက်ပိုင်းအဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့သည်။ သို့သော် စစ်အစိုးရသူလျှိုများ စစ်စခန်းအတွင်း ဝင်ရောက်နေသည်ဟု ကျောင်းသားခေါင်းဆောင်များက သံသယကြီးမားလာခဲ့ပြီးနောက် ABSDF - မြောက်ပိုင်းအဖွဲ့ဝင်များအား သူလျှိုဟူသော သံသယဖြင့် စတင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ စစ်ကြောရေးကာလအတွင်း ဖမ်းဆီးခံ ကျောင်းသားများသည် ညှင်းပန်းနှိပ်စက်မှုများစွာကို ခံခဲ့ရရာ အချို့သည် အသက်ဆုံးရှုံးခဲ့ရသည်။ ၁၉၉၂ အစတွင် ကျောင်းသားတပ်ဖွဲ့ဝင် ၁ဝ၅ ဦးနှင့် အရပ်သားတစ်ဦးအပါအဝင် ၁ဝ၆ ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့အနက် လူပေါင်း ၂ဝ ကျော် သေဆုံးခဲ့သည်။ ၁၉၉၁ ခုနှစ် မှ ၁၉၉၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းဖော်ထုတ်ရန်အတွက် အမှန်တရားနှင့် တရားမျှတမှုဖော်ထုတ်ရေးကော်မတီကို ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၈ ရက်တွင် ဖွဲ့စည်းခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ တိတိကျကျ သမိုင်းမှတ်တမ်းတစ်ခု ရရှိရန် ကိုယ်တွေ့ပြောပြချက်များကို အခြေခံ၍ အစီရင်ခံစာတစ်ခု ပြုစုခဲ့ရာ ထိုအစီရင်ခံ အပြည့်အစုံကို ဤစာအုပ်တွင် မှတ်တမ်းတင်ဓာတ်ပုံများစွာနှင့်တကွ ဖတ်ရှုလေ့လာကြရမည် ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|