|
Myanmar Books
Publishers
|
|
'Taj Mahal'
,
'audio'
,
'ကွန်ပျုတာအဘိဓာန်'
,
'ဗိဿနိုး၏ ပန်ထွာဧကရီ'
,
'နိုင်ငံရေးရုပ်ပြ'
,
'ယုဒသန်'
,
'Import'
,
'နေစိုးထက်'
,
'အဖျားရောဂါ'
,
'စေ့စပ်ညှိနှိုင်းမှု'
,
'virgin'
,
'မင်းဘူး'
,
'Frida Kahlo'
,
'သင်္ဂဇာစကားပုံပေါင်းချုပ်'
,
'အာသာကိုနင်ဒွိုင်း'
,
'ရန်ကင်း'
,
'စိတ်ကျ'
,
'မိုးရှင်'
,
'negotiating'
,
'rock'
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: Lu Xun Literary Prize ဆုရှင် Fang Fang ရေးသားသည့် Wuhan Diary စာအုပ်ကို တရုတ်ဘာသာမှ မြန်မာဘာသာသို့ တိုက်ရိုက်ပြန်ဆိုခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ ဝူဟန်မြို့က အစပြုသည့် ရောဂါတစ်ခုကို အကြောင်းပြုပြီး ဝူဟန်ကို တရုတ်နှစ်ဆန်းတစ်ရက်နေ့မတိုင်မီ (ဇန်နဝါရီ ၂၃ မှ စလို့) အစိုးရက လော့ဒေါင်းချပစ်ခဲ့ရာ မူရင်းစာရေးသူက လော့ဒေါင်းကာလအတွင်း သူ ကြားမြင်တွေ့သိ ခံစားမိတာတွေကို တရုတ်လူမှုကွန်ရက်မှာ နေ့စဉ်မှန်မှန် မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။။ ထိုသို့ လော့ဒေါင်းကာလအတွင်း တရုတ်လူမှုကွန်ရက်တစ်ခုမှတဆင့် မြို့နေလူထု၊ မိသားစုတွေရဲ့ ရောဂါနဲ့ ပတ်သက်တဲ့ ခံစားချက်တွေ၊ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ရာကာလအတွင်း ဖြစ်ပုံမျိုးစုံနဲ့ လော့ဒေါင်းကာလ ကြုံရဆုံရပုံတွေကို ပွင့်ပွင့်လင်းလင်း စုံစုံလင်လင် အမြင်အတိုင်း ချရေးခဲ့သောကြောင့် သူသည် တရုတ်လက်ဝဲစွန်းသမားများနှင့် အာဏာပိုင်တို့ရဲ့ စောင့်ကြည့်ခြင်းကို ခံခဲ့ရသည်။ ကမ္ဘာကျော်စာအုပ်ဖြစ်လာတဲ့ သူမ၏ ယခုစာအုပ်တွင်လော့ဒေါင်းကာလအတွင်း လူသားတို့ မည်သို့ရှင်သန်နေထိုင်ခဲ့ကြပုံ၊ ပြဿနာများကို ဘယ်လိုဖြေရှင်းခဲ့ရပုံ စသည့် ဝူဟန်သားတို့ရဲ့ ဖြတ်သန်းခဲ့တဲ့ နေ့ရက်တွေကို ရေးပြခဲ့ပြီး တရုတ်လူနေမှုပုံစံ၏ အကျိုး၊ အပြစ်တို့ကို ပါးပါးလေး ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ထို့ပြင် တရုတ်တိုင်းရင်းဆေးရဲ့ အကြောင်းကို ကမ္ဘာသိအောင်လည်း ချပြနိုင်ခဲ့ပါတယ်။ တစ်နည်းအားဖြင့် လူဦးရေကိုးသန်း ရှင်သန်နေထိုင်လျက်ရှိတဲ့ ဝူဟန်မြို့ကြီးထဲက အသက် ၆၅ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးသည် လော့ဒေါင်းကာလအတွင်း ၁၆ နှစ်သား ခွေးကြီးတစ်ကောင်နဲ့ ရောဂါအခက်အခဲကာလကို မည်သို့မည်ပုံ ရင်ဆိုင်ခဲ့သလဲဆိုသည်ကို စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည် ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|