|
Myanmar Books
Publishers
|
|
'Taj Mahal'
,
'audio'
,
'ကွန်ပျုတာအဘိဓာန်'
,
'ဗိဿနိုး၏ ပန်ထွာဧကရီ'
,
'နိုင်ငံရေးရုပ်ပြ'
,
'ယုဒသန်'
,
'Import'
,
'နေစိုးထက်'
,
'အဖျားရောဂါ'
,
'စေ့စပ်ညှိနှိုင်းမှု'
,
'virgin'
,
'မင်းဘူး'
,
'Frida Kahlo'
,
'သင်္ဂဇာစကားပုံပေါင်းချုပ်'
,
'အာသာကိုနင်ဒွိုင်း'
,
'ရန်ကင်း'
,
'စိတ်ကျ'
,
'မိုးရှင်'
,
'negotiating'
,
'rock'
|
More ...
|
Latest 10 Editor's Choices
Book Details
|
- “ရာဇိန္ဒ ရာဇဝရ မဏ္ဍနီ” မည်သော မုံရွေး မဟာရာဇဝင်ကျော် (အတွဲ ၃)
-
-
Author(s):
မုံရွေးဇေတဝန်ဆရာတော်
- Type: Myanmar Books
-
Category:
သမိုင်း
- Binding: Paperback
- Publication Month Year: Dec-2018
- Size: 19 cm x 27 cm
|
- Description: နာမည်ကျော် “မှန်နန်းမဟာရာဇဝင်တော်ကြီး” ပြုစုရေးအဖွဲ့တွင် ဥက္ကဋ္ဌတာဝန်ယူခဲ့သူ မုံရွေးဆရာတော်ကိုယ်တိုင် ရေးသားပြုစုခဲ့သည့် ရာဇဝင်ကျမ်းကြီး ဖြစ်သည်။ “မှန်နန်းရာဇဝင်”သည် မင်းကို ဗဟိုပြု ရေးဖွဲ့ထားခြင်းဖြစ်သဖြင့် ဆရာတော်၏ ရေးသားချက်အချို့ကို ၎င်းကျမ်းပြုစုရေးအဖွဲ့ဝင်များက ဖြုတ်ခဲ့ကြဟန်ရှိခြင်း၊ “မှန်နန်းရာဇဝင်”တွင် ပြည်သူအကြောင်းများ မပါဝင်ဟု ဆရာတော်က ထင်မြင်သဖြင့် ဖြည့်စွက်ရေးသားလိုခြင်းတို့ကြောင့် ဤမုံရွေး မဟာရာဇဝင်ကျော်ကို ဆရာတော်က ရေးသားပြုစုခဲ့ခြင်း ဖြစ်သည်။ မှတ်တမ်းတင်ရေးသားခဲ့သော ခေတ်ကာလ ရှည်လျားမှုကြောင့် စာအုပ်ကို ၄ တွဲခွဲကာ ထုတ်ဝေထားသည်။ ပထမတွဲတွင် ကမ္ဘာဦးခေတ်မှသည် သတိုးမင်းစောမင်း (အင်းဝမင်းဆက်) အထိကို လည်းကောင်း၊ ဒုတိယတွဲတွင် တောင်ငူခေတ် အစပိုင်းကာလမှသည် ပြည်မင်း (ညောင်ရမ်းမင်းဆက်) အထိကိုလည်းကောင်း၊ တတိယတွဲတွင် ပြည်မင်းလက်ထက် ယိုးဒယားတို့ ကျူးကျော်ချိန်မှစတင်ကာ ကုန်းဘောင်မင်းဆက် ဒီပဲယင်းမင်းအထိကိုလည်းကောင်း၊ စတုတ္ထတွဲတွင် ဆင်ဖြူရှင်မင်းလက်ထက်မှစတင်ကာ စစ်ကိုင်းမင်း (ဘကြီးတော်)လက်ထက်တော်အထိကို လည်းကောင်း မှတ်တမ်းတင် ရေးသားထားသည်။ ထိုသို့ ရှည်လျားလှသော ခေတ်ကာလအစဉ်ကြီးကို နောက်ခံပြုလျက် မင်းမိဖုရား, မင်းညီမင်းသား, မှူးမတ်, စစ်သည်, ဆင်းရဲသားပြည်သူတို့၏ ကိုယ်, နှုတ်, နှလုံးအမူအရာ လှုပ်ရှားမှုအမျိုးမျိုးကို မြင်ယောင်လာအောင်, ပြောသံဆိုသံ အမျိုးမျိုးကို ကြားယောင်လာအောင် မြင်ကွင်းကျယ်ကျယ် ရေးဖွဲ့ထားသော အရောင်အသွေးစုံ စားပန်းချီကားချပ်ကြီးကို ဤစာအုပ်တွင် ရှုမြင်ခံစားရမည်ဟု မြန်မာစာပါမောက္ခဟောင်း မောင်ခင်မင် (ဓနုဖြူ)က အမှာစာတွင် ရေးသားညွှန်းဆိုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|