|
Myanmar Books
Publishers
|
|
'US'
,
'ဖိစီး'
,
'Arbitration'
,
'than than'
,
'ခန္ဓာ'
,
'ဖြိုးမင်းသိန်း'
,
'ရှုမဝဝတ္ထု'
,
'ebsi'
,
'thinking'
,
'banking'
,
'ANN'
,
'မဧမိ'
,
'ဆွာမိ'
,
'996'
,
'The Prince of Egypt'
,
'business management'
,
'ubuntu'
,
'ခေါင်းကြီးပိုင်း'
,
'ဂရေဟမ်ဘဲလ်'
,
'rosabeth moss kanter'
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- သမိုင်းမြက်ခင်းကို မြင်းစီးဖြတ်ခြင်း (1989, 1979, 1968)
-
-
Author(s):
ကျော်ဝင်း
- Type: Myanmar Books
-
Category:
သမိုင်း
,
နိုင်ငံရေး
- No of Pages: 292
- Binding: Paperback
- Publication Month Year: Dec-2023
- Size: 14 cm x 21 cm
|
- Description: ကမ္ဘာ့သမိုင်း၊ နိုင်ငံတကာ ဆက်ဆံရေး၊ အိုဘားမား၏ နိုင်ငံခြားရေးပေါ်လစီ၊ ခေတ်ပြိုင်ပညာရှင်သုံးဦး၏ နိုင်ငံရေးအမြင်တို့ကို အခန်း (၆) ခန်းခွဲ၍ ရေးသားရှင်းလင်းထားသော စာအုပ်ဖြစ်သည်။ ‘ ... အိုင်တီတော်လှန်ရေးမတိုင်မီက သမိုင်းမှာ ယေဘုယျအားဖြင့် မျဉ်းတန်းသဘော(𝐋𝐢𝐧𝐞𝐚𝐫) ဖြင့်ရွေ့နေသည်ဟုဆိုနိုင်သည်။ ကြောင်းကျိုးဖြစ်စဉ်များ ပေါ်ပေါ်လွင်လွင်ထင်ထင်ရှားရှားရှိနေတတ်၍ အဖြောင့်အတိုင်း ရိုးရိုးရှင်းရှင်းလေ့လာနိုင်သည်။ နှိုင်းယှဉ်ခြင်းအားဖြင့် ပြဿနာသိပ်မရှိ၊ မခက်ခဲ။
သို့နှင့်တိုင် အိုင်တီတော်လှန်ရေးနောက်ပိုင်းဖြစ်စဉ်ဖြစ်ရပ်များကား ဤမျှမလွယ်။ ဤမျှမရှင်း၊ အနှေး ၊ အမြန်၊ အနိမ့်၊ အမြင့် သာမက တခါတရံ ငုပ်သွားတတ်သည်များ၊ အဆက်ပြတ်သွားသည်များ၊ ခုန်ကျော်သွားသည်များ ရှိတတ်သည်။ မျဉ်းတန်းမဟုတ်သောအရွေ့၊ (𝐍𝐨𝐧 𝐋𝐢𝐧𝐞𝐚𝐫 𝐌𝐨𝐭𝐢𝐨𝐧 ) ဖြင့်ခရီးနှင်ကြသည်ဟုဆိုကြသည်။ ဤတွင်သမိုင်းကို သမားရိုးကျလေ့လာနည်းဖြင့် ချဉ်းကပ်လို့မရဖြစ်လာသည်။ ဖိသိပ်လေ အသုံးပြုသော လေမှုတ်စက်ဖြင့် စူးစူးရဲရဲ မှုတ်ကြည့်မှ လွတ်နေသောဆက်ထုံးများ (𝐌𝐢𝐬𝐬𝐢𝐧𝐠 𝐋𝐢𝐧𝐤𝐬 ) ဖွာကနဲ၊ ဖွာကနဲ ပန်းထွက်လာလိမ့်မည်ဟုဆိုသည်။ (𝐀𝐢𝐫𝐛𝐫𝐮𝐬𝐡𝐢𝐧𝐠 𝐇𝐢𝐬𝐭𝐨𝐫𝐲 ) ဟုခေါ်သည်။ ၁၉၈၉ နိုဝင်ဘာလ နိုဝင်ဘာလ (၉) ရက်သို့ရောက်သောအခါတွင်ကား သတင်းသမုဒ္ဒရာတွင် လှိုင်းလေထန်ရုံမက သမုဒ္ဒရာကြီး တစ်ခုလုံး ကြွတက်လာသလား အောက်မေ့ရတော့သည်။ စစ်အေးခေတ်သင်္ကေတ ဘာလင်တံတိုင်းကြီး ပြိုကျသွားသော သတင်းဖြစ်ပါသည်။ စစ်ပြီးခေတ် ဥရောပကို အရုပ်ဆိုးအကျဉ်းတန်စေခဲ့သော ဘာလင်မြို့၏ မျက်နှာပြင်မှ ကန့်လန့်ဖြတ် အမာရွတ်ကြီးကို ဘာလင်သားတွေကိုယ်တိုင် ဖယ်ရှားပစ်လိုက်ကြသည်။ စစ်အေးခေတ်ကြီးက တမင်ခွဲထားခဲ့သော မိသားစုတွေပြန်ဆုံနိုင်ကြပြီ။ ချစ်သူတွေ ပြန်လည်လက်ချင်းဆက်နိုင်ကြပေပြီ။ ရှေးဟောင်းထိန်းအင်အားစုတို့ ပြိုကျသွားသည်နှင့်အတူ တံတိုင်းခေတ်ကြီး နိဌိတံသွားတော့မည်။ ... ’ ဟု ဆိုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|