|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ခေတ်သစ်ကမ္ဘာအတွက် ဗုဒ္ဓဒေသနာ
-
-
Author(s):
ဝင်းသိန်းဦး
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 460
- Binding: Paperback
- Publication Month Year: Nov-2025
- Size: 16 cm x 22 cm
|
- Description: Stephen Batchelor ရေးသားသည့် After Buddhism: Rethinking the Dharma for a Secular Age စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ မူရင်းစာရေးသူသည် လွန်ခဲ့တဲ့နှစ် ၃၀ ကျော်ကတည်းက ဗုဒ္ဓဝါဒဆိုင်ရာလေ့လာဆည်းပူးနားလည်သိရှိလာခဲ့သမျှကို စုစည်းပေါင်းစပ်၍ ယခုစာအုပ်ကို ရေးသားထားခြင်း ဖြစ်သည်။ စာအုပ်တွင် ရှေးဟောင်းပိဋကတ်ကျမ်းဂန်တွေကို ယခုခေတ်ကာလရဲ့ဉာဏ်အလင်းနဲ့ ပြန်လည်ဆန်းစစ်ပြီး ဓလေ့ထုံးတမ်းယဉ်ကျေးမှုဆိုင်ရာ ဖုံးအုပ်ခံထားရမှုတွေကို ခွာချကာ ဂေါတမဗုဒ္ဓဟောကြားခဲ့တဲ့မူလအဆုံးအမများ၏ အနှစ်သာရဆီသို့ နက်နက်ရှိုင်းရှိုင်း ချဉ်းကပ်တင်ပြထားပါတယ်။ ဗုဒ္ဓရဲ့တရားတော်တွေကို သီအိုရီပိုင်းဆိုင်ရာ ဝိရောဓိများ၊ ဒဿနဆန်သည့်မေးခွန်းတွေအဖြစ်မဟုတ်ဘဲ လူသားတိုင်းလက်တွေ့ လုပ်ဆောင်နိုင်သည့် လုပ်ငန်းဆောင်တာတွေ (Tasks) အဖြစ် တင်ပြထားသည်။ အခန်း (၁) တွင် ဗုဒ္ဓ၏ လက်တွေ့ကျတဲ့ချဉ်းကပ်မှုကို ‘မျက်မမြင်တွေဆင်စမ်းပုံ' ဥပမာနှင့် စတင်ပြီး ဘဝကို ရှုမြင်သုံးသပ်ရာမှာ သီအိုရီထက် တိုက်ရိုက်အတွေ့အကြုံကို အလေးပေးတာကိုဖော်ထုတ်တင်ပြထားသည်။ အခန်း (၂) တွင် သိ၊ ပယ်၊ ဆိုက်၊ ပွားဆိုသည့် လုပ်ငန်းဆောင်တာလေးရပ်ကို လည်းကောင်း၊ အခန်း (၃) တွင် ကောသလပြည့်ရှင် ပသေနဒီမင်း၏ အာဏာနှင့် ဘာသာတရားကြား ဒွိဟဖြစ်မှုအခြေအနေကိုလည်းကောင်း၊ အခန်း (၅) တွင် သုနက္ခတ္တ၏ ဖောက်ပြန်မှုကတစ်ဆင့် တန်ခိုးပြာဋိဟာထက်ဆုံးမခြင်း ပြာဋိဟာရဲ့ အကျိုးကျေးဇူးကို ထောက်ပြချက်များကိုလည်းကောင်း၊ အခန်း (၆) တွင် အရှင်အာနန္ဒာ၏ စွန့်လွှတ်အနစ်နာခံမှုများကိုလည်းကောင်း၊ အခန်း (၁၀) တွင် ဗုဒ္ဓဒေသနာသည် လူသားတိုင်း ရုန်းကန်မှု၊ အားနည်းချက်နဲ့ စွမ်းရည်များထဲမှာ အသက်ဝင်နေဖို့ လိုအပ်ပုံကိုလည်းကောင်း ရှင်းလင်းရေးသားထားသည်။
|
|
|
|
|
|
|
|
|