|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: မာကိုပိုလို ပုဂံပြည်ကို တကယ်ရောက်ခဲ့ခြင်း ရှိ / မရှိ၊ မွန်ဂိုနှင့် မြန်မာစစ်သည်တို့ ဆင်တပ် မြင်းတပ်များဖြင့် ဘတပြန် ကျားတပြန် စစ်ဆင်ကြပုံ၊ ကူဗလိုင်မင်းကြီး ရှေ့တော်မှောက်သို့ အရက်ခွက် အရက်ပုလင်း စတဲ့ စားဖွယ် သောက်ဖွယ်ရာများ မြေလျှိုးမိုးပျံ ရောက်ရှိပုံဆိုသည့် အထူးအဆန်း အံ့ဖွယ်အဖြစ်သနစ်အပေါ် ဆန်းစစ်ချက် အပါအဝင် ဗင်းနစ်မြို့သား လူ့စွန့်စားတဦးဖြစ်သော မာကိုပိုလို၏ ဂန္ထဝင်မြောက်ခရီးသွားမှတ်တမ်းကို အခြေပန္နက်ပြုကာ မာကိုပိုလိုသွားခဲ့သည့် ခရီးစဉ်နှင့် ပတ်သက်၍ ပညာရှင်အသီးသီး၏ ရေးသားဖော်ပြမှု၊ မူရင်းစာရေးသူ၏ ဝေဖန်ချက်တို့နှင့် ပေါင်းစပ်ကာ အတ္ထုပ္ပတ္တိစာအုပ်အဖြစ် ရေးသားထားခြင်း ဖြစ်သည်။ မာကိုပိုလို၏ စိတ်နေစိတ်ထားကို ရိပ်စားမိရုံတင်မက သူ၏ တရုတ်ပြည်နှင့် အနီးပတ်ဝန်းကျင်နိုင်ငံများသို့ လှည့်လည်သွားလာခဲ့သော ခရီးစဉ်များအကြောင်းကို သမိုင်းမှတ်တမ်းတစောင်သဖွယ်၊ စွန့်စားခန်းဝတ္ထု
တစ်ပုဒ်နှယ် စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည် ဖြစ်သည်။
|
|
|
|
|
|
|
|
|