|
Myanmar Books
Publishers
|
|
'duolingo'
,
'2009'
,
'ရေကြီး'
,
'မိန်းမများအကြောင်း'
,
'စိတ်ဖိစီးမှု'
,
'ထိုင်းဝန်ကြီးချုပ်'
,
'အီတလီပုံပြင်'
,
'စစ်ပြီးက ထောင်တံခါး'
,
'ဘုရားပွဲတော်'
,
'သောကြာ'
,
'စိတ္တဇ'
,
'လီကာရှင်း'
,
'ဘုိးပီယ'
,
'စတုဒိသာ'
,
'အလက်ဇန္ဒား'
,
'ကင်ဂျုံအန်'
,
'ရင်းနှီးမြှုပ်နှံ'
,
'မော်'
,
'education'
,
'ဝိဓူရ'
|
More ...
|
Latest 10 New Arrivals
Book Details
|
- ဂျီဟောသူ
-
-
Author(s):
မစန္ဒာ
- Type: Myanmar Books
-
Category:
ဝတ္ထုရှည်
- No of Pages: 186
- Binding: Paperback
- Publication Month Year: May-2020
- Size: 12 cm x 18 cm
|
- Description: စက်မှုတက္ကသိုလ်ကိုနောက်ခံထား၍ ကျောင်းသားအဆောင်များကို A - B - C တပ်၍ ခေါ်သောအခါ စုစုပေါင်းခြောက်ဆောင် ရှိလေသည်။ သတ္တမမြောက် အဆောင်သည် မိန်းက
လေးအဆောင်ဖြစ်လေသောကြောင့် "ဥတ္တရဆောင်" ဟု အမည်ပေးထားသော်လည်း နံပါတ်စဉ်အရ "G" ဖြစ်သောအဆောင်မို့"ဂျီဟော" ဟု အခေါ်များလေသည်။ ထို "ဂျီဟော" တွင်
နေသော အဆောင်နေကျောင်းသူတို့သည် စာအုပ်နာမည်အတိုင်း ဂျီဟောသူ များ ဖြစ်လာတော့သည်။ "ဂျီဟောသူ" ဇာတ်ကောင်တို့ကို ဖော်ပြရလျှင် မာနကြီးသော်လည်း ဂရုဏာကြီး
တက်သော ညိုထွေး၊ စိတ်ကူးယဉ်အတွေးလွန်တက်သော ခင်ချို (သို့သော် ဒီဇာတ်လမ်းတွင် သူမက တရားသူကြီး)၊ မြင်မြင်သမျှ ရယ်စရာလုပ်ပြီး ဘရုတ်ကျလေ့ရှိသော ဝေဝေ နှင့်မော်မော်
အစားကြီးပြီး ကြောက်တက်သော မိ၊ ဒေါသကြီးတက်သော မဝါ (ဆယ့်နှစ်လရာသီ မဒေါကန်ဟု ထောပနာပြုထားသည်)၊ ကလေးဆန်သော ထွေးထွေး၊ လူကြီးအဆန်ဆုံးသော မမခင်တို့
ဖြစ်ကြသည်။ ဂျီဟောသူများမှာ အလှသိပ်မပြင်၊ သနပ်ခါးရေကျဲလိမ်းပြီး ကျောင်းတက်ကြသူများမို့ အလှပြင်ချိန် ငါးမိနစ်ခန့်သာ လုံလောက်သည်။ တစ်ရာလျှင် တစ်ယောက်လောက်သာ
ရေမွှေးသုံးတက်ကြသည် ထင်၏။ နှုတ်ခမ်းနီ မိတ်ကပ်သုံးလေ့ရှိသော ခင်ချိုပင် ဂျီဟောဆောင်သို့ ရောက်သောအခါ သနပ်ခါးရေကြဲအုပ်စုဝင် ဖြစ်သွားတော့သည်။ ခင်ချို၏ ရယ်ဗလွန် နှု
တ်ခမ်းနီဘူးလေးများ မှိုတက်လုနေပြီဟု ထင်သည်။ အထက်ပါ မြန်မာမှုကို ထိမ်းသိမ်းသော သနပ်ခါးရေကြဲပုံစံ ဂျီဟောသူများအကြောင်းကို စက်မှုတက္ကသိုလ်ကျောင်းသူဟောင်းဖြစ်သူ စာရေးဆရာမ မစန္ဒာက သိမ်မွေ့လှပစွာ ရေးဖွဲ့ထားခြင်း ဖြစ်သည်။ ဇာတ်အိမ်တည်ရာ YIT တစ်ဖြစ်လဲ RIT ကျောင်းတော်ကြီးသည် စာရေးသူ ကိုယ်တိုင်ဖြတ်သန်းခဲ့ရာ ဖြစ်ခဲ့သည့်အတွက်လည်း စက်မှုတက္ကသိုလ်ကျောင်းသူများ၏ ဘဝကို ထင်ဟပ်လျက် ပိုင်နိုင်စွာ ရေးသားထားနိုင်သည်ကိုလည်း တွေ့ရသည်။ ဆရာမ၏ ထင်ရှားဝတ္ထုလက်ရာတစ်ပုဒ်လည်း ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|