|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းသည် နိုင်ငံတော်အာဏာသိမ်းပြီး တော်လှန်ရေးကောင်စီဖွဲ့စည်းကာ အုပ်ချုပ်ရေးတာဝန်များကို ဆောင်ရွက်ခဲ့သည်။ ထိုကာလအတွင်း ဗိုလ်ချုပ်နေဝင်း၏ လုပ်ဆောင်ချက်များကို မြန်မာ့သမိုင်းအဖွဲ့က အသေးစိတ်မှတ်တမ်းတင်ကာ မြန်မာနိုင်ငံရေး စနစ်ပြောင်းကာလ (၁၉၆၂-၁၉၇၄)ဟူသော အမည်ဖြင့် ပ,ဒု,တ ၃ တွဲခွဲကာ ထုတ်ဝေခဲ့သည်။ ယခုစာအုပ်သည် ထိုစာအုပ်၏ နောက်ဆုံးအတွဲဖြစ်ပြီး အခန်း ၃ ခန်းပါရှိသည်။ အုပ်ချုပ်ရေးစနစ်သစ် အကောင်အထည်ဖော်ခြင်းအခန်းတွင် ဝန်ကြီးဌာနများ ပြုပြင်ဖွဲ့စည်းခဲ့ပုံ၊ ရပ်ကွက် ကျေးရွာ မြို့နယ် အုပ်ချုပ်ရေး ကော်မတီများ ဖွဲ့စည်းခဲ့ပုံ၊ တရားရေး ကော်မတီ၊ လုံခြုံရေး ကော်မတီများ၏ ကဏ္ဍနှင့် အခြားစီမံခန့်ခွဲရေးဆိုင်ရာ ဆောင်ရွက်ချက်များကို လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် ရေးဆွဲပြဋ္ဌာန်းခြင်းအခန်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရန် စီစဉ်ခဲ့ပုံများ၊ မူကြမ်းများ ရေးဆွဲခဲ့ပုံများ၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပခဲ့ပုံ၊ ၁၉၇၄ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်းများကို လည်းကောင်း၊ နိုင်ငံတော် အာဏာကို ပြည်သူ့ထံ ပြန်လည်အပ်နှံခြင်းအခန်းတွင် ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရန် ပြင်ဆင်ခဲ့ပုံများ၊ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင် အစည်းအဝေးမှတ်တမ်းများ၊ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေများနှင့် ဥက္ကဋ္ဌ ဦးနေဝင်း အတွင်းရေးမှူး ဦးစန်းယုဦးစီးသော တော်လှန်ရေးကောင်စီသို့ ပြန်လည် အာဏာအပ်နှင်းခဲ့ပုံများကို အသေးစိတ် ဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|