|
|
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: နှောင်းခတ်လူများ မြန်မာ့သမိုင်း၏ အရေးပါအရာရောက်ခဲ့သော ပုဂ္ဂိုလ်များအကြောင်း သတိတရရှိစေရန် ရည်ရွယ်၍ ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာတော် အသျှင်ဦးဝိစာရ၊၊ ဆရာတော် ဦးဥတ္တမ၊ ဂဠုန်ဆရာစံ၊ စစ်သူကြီး မဟာဗန္ဓုလ၊ အနော်ရထာမင်းစော၊ အိမ်ရှေ့စံ ကနောင်မင်းသား၊ ဆရာကြီး ရွှေဥဒေါင်း၊ ယောမင်းကြီးဦးဘိုးလှိုင်၊ ဘွားဦးဇွန်း၊ မြန်မာ့ရုပ်ရှင်ဖခင်ကြီးများ အစရှိသည့် ရုပ်တုများကို မြန်မာပြည်အနှံ့တွင် ထုလုပ်ပြသထားလေ့ရှိသည်။ ဤစာအုပ်သည် ထိုသို့ ရုပ်တုထုလုပ်ခြင်း ခံရသည့် ပုဂ္ဂိုလ်ကျော်များအကြောင်းကို အတ္ထုပ္ပတ္တိစာအုပ်အနေဖြင့် ရေးသားပြုစုထားခြင်း ဖြစ်သည်။ မြန်မာပြည်အနှံ့တည်ရှိသော ထိုရုပ်တုများ၏ ဓာတ်ပုံများ၊ သက်ဆိုင်ရာပုဂ္ဂိုလ်များ၏ ရှားပါးဓာတ်ပုံများ၊ သူတို့၏ ငယ်ဘဝနှင့် ထူးချွန်ထက်မြက်ခဲ့မှုများ၊ နိုင်ငံတိုးတက်ရေးတွင် ဆောင်ရွက်ခဲ့မှုများကို အသေးစိတ်မှတ်တမ်းတင်ထားသည်။ အထူးသဖြင့် စာအုပ်ပါ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းမှာ ဗိုလ်ချုပ်အကြောင်း ရေးသားခဲ့သည့် စာအုပ်များမှ အကြောင်းအရာများကို အနှစ်ချုပ်အဖြစ် တစ်စုတစ်စည်းတည်း စုစည်းဖော်ပြပေးထားသဖြင့် စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ဗိုလ်ချုပ်၏ ရှားပါးဓာတ်ပုံမှတ်တမ်းများကိုလည်း ထည့်သွင်းထားသည်။ စာရေးသူသည် ဤစာအုပ်ကို ယခင်စစ်အစိုးရလက်ထက်က ရိုက်နှိပ်ခဲ့ရာတွင် ဗိုလ်ချုပ်အကြောင်း စာပေခွင့်ပြုချက်မပါဟုဆိုကာ ထောင်သွင်းအကျဉ်းချခြင်းကို ခံခဲ့ရဖူးသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|