|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: သာမဏေကျော်ဘဝကတည်းက ဉာဏ်အလွန်ကောင်း၍ ဆန်းကြယ်သော ဉာဏ်အမြင် အနှစ်သာရရှိသူဟု အဓိပ္ပာယ်ရသည့် “ရှင်ဝိစိတ္တသာရ”ဘွဲ့ကို အမည်ပေးခြင်းခံခဲ့ရသော ကျေးဇူးတော်ရှင် မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး၏ ဘဝဖြစ်တော်စဉ် အစအဆုံးကို ထေရုပ္ပတ္တိပန်းချီစာအုပ်ပုံစံဖြင့် ရိုက်နှိပ်ထားခြင်းဖြစ်သည်။ စာအုပ်ကို စာတစ်မျက်နှာ ပန်းချီတစ်မျက်နှာပုံစံဖြင့် တင်ပြထားပြီး စကားပြေစာသားကို အရှင်ဃောတိတ (ရေနံ့သာ)မှ ရေးသား၍ ပန်းချီလက်ရာများကို မန္တလေးမြို့မှ ပန်းချီအကျော်များဖြစ်ကြသည့် ဦးအောင်ခင်၊ ဦးညိုလေး၊ ဦးအုန်းကြိုင်၊ ဦးအောင်ချမ်း၊ ဦးညီတင်၊ ဦးကျော်မောင်၊ ဦးတင်အောင်၊ ဦးခင်မောင်သန်း၊ ဦးခင်မောင်ရင်၊ ဦးဌေးအောင်၊ ဦးတိုင်းကျော်၊ ဦးမာလာ၊ ဦးလှထွန်း၊ ဦးခင်မောင်စန်း၊ ကိုလူမော်၊ ကိုမျိုးသန့်၊ ကိုညွန့်ဝင်း၊ ကိုဇော်ဝင်း၊ ကိုသက်လွင်၊ ကိုဆန်းထူး၊ ကိုဗညား၊ ကိုနိုင်မျိုးဝေတို့မှ လက်ရာမြောက်စွာ ရေးဆွဲပေးထားကြသည်။ ၁၃ နှစ်သားအရွယ်တွင် သဒ္ဒါကြီးရှစ်စောင်လုံးကိုလည်းကောင်း၊ ၁၄ နှစ်အရွယ်တွင် သင်္ဂြိုဟ်ကိုးပိုင်းလုံးကိုလည်းကောင်း အထောက်အမ လွတ်ကင်းစွာ အာဂုံဆောင်နိုင်ခဲ့ပြီး ၁၄ နှစ်သားအရွယ်ကပင် အဋ္ဌကထာ ဋီကာများကို ကြည့်ရှုလေ့လာနိုင်ခဲ့သည့် မင်းကွန်းဆရာတော်၏ တစ်ဘဝသာသနာနှင့် သာသနာပြုလုပ်ငန်းများအကြောင်းကို ကြည်ညိုဖွယ် ဖတ်ရှုလေ့လာကြရမည်ဖြစ်သည်။ စာအုပ်ပြင်ဆင်ထားပုံနှင့် ပန်းချီလက်ရာနမူနာကို သိရှိနိုင်ရန် စာမြည်းရန်တွင် နမူနာ ၄ မျက်နှာကို ဖော်ပြထားပါသည်။ တစ်အုပ်လုံးကို ကြွေစက္ကူများဖြင့် ရိုက်နှိပ်ထားသည့်အပြင် ပန်းချီများကိုလည်း ဆေးရောင်စုံ ကာလာများဖြင့် ရိုက်နှိပ်ပူဇော်ထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|