|
Myanmar Books
Publishers
|
|
'ဧဝရက်'
,
'အဝေးသင်ပညာရေး'
,
'ဦးသော်ကောင်း'
,
'yearbook'
,
'jack london'
,
'ဂုဏ်တော်'
,
'novice'
,
'မဟာဇနက'
,
'မိုးပြာ'
,
'လူပီသ'
,
'Adobe PageMaker 7.0'
,
'HVAC'
,
'ချင်းယဉ်ကျေးမှု'
,
'စာဂ'
,
'မဲသဝေါ'
,
'ပီ'
,
'မဟာဝေဒဗ္ဗမန္တန်'
,
'စီစီ'
,
'သိန်းဇော် (ရွှေလီဦး)'
,
'မျိုးစောင့်ဥပဒေ'
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: စာရေးသူ၏ မိမိအကြောင်း ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတစ်အုပ်ဖြစ်သည်။ ဂျပန်ခေတ်ဗုံးခိုကျင်းထဲမှ စကားပြောတတ်ခါစ နို့စို့အရွယ်ကလေးငယ်ဘဝမှ နိုင်ငံခြားသင်္ဘောသားဖြစ်ပြီး စင်ကာပူနိုင်ငံကိုထွက်ခွာခဲ့သည့် နှစ်ပေါင်းလေးဆယ်ကာလအတွင် ရုန်းကန်လှုပ်ရှားခဲ့ရသည့်ဘဝမျိုးစုံကို ရေးသားထားသည်။ ရခိုင်ပြည်နယ် ဂွမြို့နယ်၏ ကျိန္တလီရွာမှ လယ်သမားချောင်းသမား မိဘနှစ်ပါးမှ ပေါက်ဖွားခဲ့သည့် စာရေးသူ၏ ငယ်စဉ်ကာလ ဘုန်းကြီးကျောင်းသားဘဝ၊ ကိုရင်လေးဘဝ၊ ကိုရင်လူထွက်ကြီးဘဝ၊ ရေတပ်သားဘဝ၊ ရေနံလုပ်သားဘဝစသည်ဖြင့် စာရေးသူဖြတ်သန်းခဲ့သည့် နှစ်ပေါင်းလေးဆယ်ကာလအတွင်း ရရှိခဲ့သော ဘဝအတွေ့အကြုံများကို မခြွင်းမချန်တင်ပြထားသည်ကိုတွေ့ရသည်။ အထူးသဖြင့် ရေတပ်တွင် တာဝန်ထမ်းဆောင်စဉ် အင်္ဂလန်မှ အလဇ္ဇနြား မင်းသမီးလာစဉ် လုံခြုံရေးအတွက် လိုက်ပါ စောင့်ရှောက်ခဲ့သည့် အတွေ့အကြုံများ၊ စာရေးသူ၏ အိမ်ထောင်ရေးနှင့် အိမ်ထောင်ကျစ တွေ့ကြုံခဲ့ရသော အခက်အခဲများ၊ တပ်ကြပ်အဖြစ် ရာထူးတိုးပြီးမှ အမှုဖြစ်ကာ တပ်သားအဖြစ် ရာထူးလျော့ကျခဲ့သော ဖြစ်ရပ်များ၊ တပ်မှ ထွက်ပြီးနောက် အမဲအူပြုတ်သည်ဘဝ၊ ရေနံရှာလုပ်သားဘဝအပါအဝင် အောက်ခြေဘဝမျိုးစုံကို လင်မယားနှစ်ယောက် ခါးစည်းရုန်းကန်ခဲ့ရပုံများအပါအဝင် သူ၏ ခါးသီးလှသော ဘဝအတွေ့အကြုံများကို ပေါ်လွင်အောင် ရေးသားထားနိုင်သည်ကို တွေ့ရသည်။ စာရေးသူ နိုင်ငံခြားသင်္ဘောမလိုက်မီ ကာလအထိ အဖြစ်အပျက်များကို မှတ်တမ်းတင်ထားခြင်းဖြစ်ပြီး သင်္ဘောသားအတွေ့အကြုံများကိုမူ အဏ္ဏဝါခရီးသည်၊ ပင်လယ်ပျော်ကြီးနှင့် အိုပယ်ကြီး၏ နောက်ဆုံးနေ့များဟူသော စာအုပ်သုံးအုပ်တွင် ဆက်လက်ဖတ်ရှုရန်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|