|
Myanmar Books
Publishers
|
|
'Game of Thrones'
,
'ပင်ကွင်းလေးရဲ့ အချစ်'
,
'U yi sein'
,
'တကောင်းခေတ်'
,
'ငြိမ်းစုစီ'
,
'မင်းခိုင်ဇော်ဦး'
,
'Thak Sin'
,
'စောဘဦး'
,
'Shakeapeare'
,
'gsm'
,
'grade 4'
,
'ဦးဝိစိတ္တသာရ'
,
'စီးပွားရေးဝေါဟာရ'
,
'Directory'
,
'အေဖ'
,
'ဆေးမြီးတို'
,
'ပအို့ဝ်ပုံပြင်'
,
'Capacitor'
,
'နီဂရိုးတော်လှန်ရေး'
,
'စာဖတ်'
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: မြန်မာတစ်နိုင်ငံလုံးတွင် “ကေသီပန်”ဟုဆိုလျှင် အမျိုးသမီးများ ကျန်းမာဝဖြိုးပြီး အလှတိုးစေသည့်ဆေးဟု လူသိများစေခဲ့သူ ကေသီပန်ဦးလှမြင့်၏ အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သည်။ စာရေးသူသည် သူ၏ အတ္ထုပ္ပတ္တိကို ရေးသားရာ၌ ၃ အုပ်ခွဲကာ ထုတ်ဝေခဲ့သည်။ ပထမအုပ်ဖြစ်သည့် “ဖခင်နို့တိုက်ခဲ့သည့် ကျွန်တော့အဖေ”တွင် သူငယ်စဉ်က အလွန် ဆင်းရဲခဲ့ပုံများအကြောင်းနှင့်တကွ သူ၏ ငယ်ဘဝတွင် လောကဓံက၏ အထောင်းအထုကို တနင့်တပိုးခံခဲ့ရပုံများကို ရသမြောက်စွာ ရေးသားခဲ့သည်။ ထိုပထမစာအုပ်သည် ဆရာဝန်တင်ရွှေ စာပေဆုရရှိခဲ့သည်။ ဒုတိယအုပ်ဖြစ်သည့် “ငှက်ပျောထမ်း၍ ခရီးကြမ်းနှင်နှင့် အခြားဘဝဖြစ်ရပ်များ” စာအုပ်တွင် ငှက်ပျောထမ်း၍ ခရီးကြမ်းလျှောက်ရသော ဘဝ၊ မြတ်ရိတ်သမား လယ်ကူလီဘဝ၊ စပါးလှည်းသမားဘဝ၊ စာအုပ်လက်ပွေ့ရောင်းသမားဘဝ၊ ပုံနှိပ်တိုက် စာစီသမားဘဝအစရှိသည့် စာရေးသူ ဖြတ်သန်းခဲ့ရသည့် ဘဝမှတ်တိုင်များနှင့် သူ၏ ရင်ခုန်သံ ခံစားမျှုများကို အရှိကို အရှိအတိုင်း ဖွင့်ချရေးသားထားသည်။ တတိယစာအုပ်ဖြစ်သည့် “လောကဓံကို စိန်ခေါ်၍ ရင်ဆိုင်ခဲ့သည့် ကျွန်တော်”တွင် သူ၏ အိမ်ထောင်ရေးအကြောင်း၊ လုပ်ဆောင်ခဲ့သည့် လူမှုရေးလုပ်ငန်းများ၊ သူ၏ ကျေးဇူးသိတတ်ခဲ့ပုံများနှင့် ရည်မှန်းချက်ထား ကြိုးစားအားထုတ်ခြင်းဖြင့် ကေသီပန်ဦးလှမြင့်ဘဝသို့ ရောက်ရှိခဲ့ပုံကို အားကျဖွယ် ရေးသားထားသည်။ မိမိတို့၏ ဘဝတက်လမ်းကို လျှောက်လှမ်းရမည့်သူများ၊ အထူးသဖြင့် အညွှန့်တလူလူဖြင့် ပျိုမျစ်နုငယ်ကြသည့် လူငယ်မောင်မယ်များ စာရေးသူ၏ အားနည်းချက်၊ ချို့ယွင်းချက်၊ ညံ့ဖျင်းချက်များကို သင်ခန်းစာယူ၍ မိမိကဲ့သို့ မှားယွင်းမှုမျိုး မလုပ်မိစေရန် ရည်သန်၍ ဤစာအုပ်ကို ရေးသားဖြစ်ခဲ့ခြင်း ဖြစ်သည်ဟု စာရေးသူက အမှာစာတွင် ဆိုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|