|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: စိတ်ဝင်စားဖွယ် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံ နောက်ကွယ်မှ အရှုပ်တော်ပုံ ဇာတ်လမ်းများဖြစ်ကြသည့် ကလင်တန်နှင့် မိန်းမလိုက်စားမှုများ၊ ဂျော့ဝါရှင်တန်မှ စတင်ကာ ရော်နယ် ရီဂင်လက်ထက်အထိ သမ္မတနှင့် သမ္မတကတော်များ၏ အရှုပ်တော်ပုံများ၊ ဝန်ကြီးချုပ်ကိုယ်တိုင် ဘဝပျက်သွားခဲ့သည့်အထိ ဖြစ်စေခဲ့သည့် ဗြိတိသျှ ကာကွယ်ရေးဝန်ကြီး ဂျွန် ပရိုဖူမိုနှင့် ခရစ္စတင်း ကီးလားတို့ အရှုပ်တော်ပုံ၊ အမေရိကန်ကို တည့်အောင်ပေါင်းပြီး အနာဂတ်ကို မရမက တည်ဆောက်သွားနိုင်ခဲ့သည့် ပါကစ္စတန်မှ ဇူလ်ဖီကာ အလီဘူတိုနှင့် ဟန်ပြ ဒီမိုကရေစီ၊ ဗြိတိန်နိုင်ငံ၏ ၂ဝ ရာစု နိုင်ငံရေး ပြုပြင်ပြောင်းလဲသူများတွင် အထင်ရှားဆုံးဖြစ်သော လွိုက်ဂျော့နှင့် အဖေရှာပုံတော်၊ အိန္ဒိယနိုင်ငံသား ထင်ရှားသည့် မျိုးနွယ်အသိုင်းအဝိုင်းမှ ရာဂျစ်ဂန္ဒီနှင့် လက်ထပ်ခဲ့သူ အီတလီနိုင်ငံသူ ဆိုနီယာ ဂန္ဒီ(သို့) ကျိန်စာသင့် နိုင်ငံခြားသူနှင့် အိန္ဒိယ နိုင်ငံရေး၊ အမှတ်သည်းခြေမရှိသော ပြည်သူများဟု တင်စားရမည့် ပါကစ္စတန်နိုင်ငံသားများ၏ ခေါင်းဆောင် ဘနာဇီယာ ဘူတိုနှင့် အကျင့်ပျက် ခြစားမှုများ၊ တစ်ချိန်က ပြည့်တန်ဆာဖြစ်ခဲ့သော်လည်း ရှင်ဘုရင်နှင့် ညားတော့ မိဖုရားဖြစ်ခဲ့ရသည့် အာဂျင်တီးနား သမ္မတ ကတော် အီဗစ်တာ ပီရွန်၊ တောင်အာဖရိကနိုင်ငံ၏ ဧကရီဘွဲ့ခံသွားသည့် အိုင်ယာလန်နိုင်ငံဖွား ပြည့်တန်ဆာ အယ်လီဇာ လိုင့်ချ်၊ ဗြိတိန်မှ လူမှုရေးစည်းဖောက်သူ ပါနဲလ်၊ ပဋိပက္ခများကြားမှ စနစ်သစ်ကို မွေးဖွားခဲ့သူ ဆူဟာတို၊ ရေကူးရင်း ရေနစ်သေဆုံးဟန်ဆောင်၍ အိမ်ထောင်သစ်နှင့် ဘဝသစ် ထူထောင်လိုသူ လေဘာပါတီ အမတ် ဂျွန် စတုန်းဟောက်စ်၊ ဖိနပ်များ၏ ဧကရီဖြစ်သော ဖီလစ်ပိုင်မှ သမ္မတကတော် အီမယ်လ်ဒါ မားကို့စ် အပါအဝင် ကမ္ဘာ့နိုင်ငံရေး အရှုပ်တော်ပုံ ဇာတ်လမ်း ၁၆ ပုဒ်ပါရှိသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|