|
Myanmar Books
Publishers
|
|
'Hormone'
,
'တီဘီ'
,
'သိရိႏၵာ'
,
'six'
,
'သရဲ'
,
'ပန်းပုံစံ'
,
'Tom Peters'
,
'ဟိုက်ကမ်းဘား'
,
'Jack Welch'
,
'အိမ်စာချုပ်'
,
'2'
,
'ဣန္ဒြေ'
,
'ရေအရင်းအမြစ်'
,
'ကက်စထရို'
,
'Rune'
,
'လူ့အပြုအမူ'
,
'ေနမိႏၵ'
,
'microsoft word'
,
'သိကၡာ'
,
'မာစ့်'
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ရတနာပုံခေတ် ကျွန်နိဒါန်း
-
-
Author(s):
မောင်ကျောက်တိုင်
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 195
- Binding: Paperback
- Publication Month Year: May-2010
- Size: 13 cm x 21 cm
|
- Description: ရတနာပုံခေတ်အကြောင်း သရုပ်ဖော်ရာတွင် မကိုးကားလျှင် မဖြစ်လောက်အောင်ပင် ရက်ရက်စက်စက်မှန်လှပါသည်ဟု ထွန်းသတင်းစာ အယ်ဒီတာ ဦးထွန်းဖေက ညွှန်းဆိုထားသည့် E.C.V. Foucar၏ They Reigned in Mandalayကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ မူရင်းရေးသားသူသည် ဤစာအုပ်ကို ရေးသားရာ၌ မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းပိုက်ရာ၌ အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် ကာနယ်စလေဒင်၏ အပါးတော်မြဲဖြစ်သူ မစ္စတာဒေးဗစ်နီကိုလပ်၏ မှတ်တမ်းများ၊ မှတ်စုများကို လေ့လာပြီး အခြားမြန်မာရာဇဝင်ကျမ်းများနှင့် တိုက်ဆိုင်ညှိနှိုင်းကာ ရေးသားထားခြင်းဖြစ်သည်ဟုဆိုသည်။ စာအုပ်တွင် မင်းတုန်းမင်းနှင့် သီပေါမင်းတို့၏ နန်းတွင်းရေးရာ အဖြစ်အပျက်များကို အသေးစိတ် ဖော်ထုတ်ရေးသားထားသည်ကို ဖတ်ရှုရမည်ဖြစ်ပြီး သီပေါမင်း ပါတော်မူခန်းတွင် အဆုံးသတ်ထားသည်ကို တွေ့ရသည်။ မြန်မာ့သမိုင်းအကြောင်း ရေးသားထားသည့် စာအုပ်များကို လေ့လာရာတွင် နိုင်ငံခြားသားတို့သည် မြန်မာမင်း၏ အာဏာစက်မှ လွတ်ကင်းနေရာ သူတို့သည် အမှန်ကို အမှန်အတိုင်း ရေးခွင့်သာလျက်ရှိကြောင်း၊ ကောင်းဘက် အလှဘက်ချည်းကိုသာ တွေ့မြင်ဖတ်ရှုခွင့်ရသော ကျွန်တော်တို့အဖို့ အရုပ်ဆိုးသည့်ဘက်၊ အကျည်းတန်သည့်ဘက်က ကြည့်ခွင့်မြင်ခွင့်ရသည်ဆိုလျှင် ရာဇဝင်ကို နှစ်ဖက်မြင် ပတ်လည် ရုပ်လုံးပေါ် မြင်ရပြီဟု ဆိုနိုင်ပြီဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ခေတ်ကြေးမုံကို ကြည်ကြည်လင်လင်မြင်ရပြီဟု ဆိုနိုင်ကြောင်း ဘာသာပြန်ဆိုသူကလည်း မှတ်ချက်ပြုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|