|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: “အသောကမင်းကြီးလက်ထက်တွင် ပြုလုပ်သည့် စေတီတော်တစ်ဆူ ပူဇော်ပွဲတွင် မာရ်နတ်မင်းက သဲမိုး၊ ကျောက်စရစ်မိုး၊ ကျောက်ဖျာမိုး၊ မီးကျီးမိုး၊ ကြေးရည်မိုးများကို ရွာဖြိုးလျက် ဖျက်ဆီးလာသောကြောင့် မာရ်နတ်မင်း၏ ရန်ပြုမှုများကို ရှင်ဥပဂုတ်က ခုခံအနိုင်ယူခဲ့သည်”ဟု ဇိနတ္ထပကာသနီကျမ်းတွင် ပါရှိခြင်းကို ထောက်ပြလျက် ရှင်ဥပဂုတ် အမှန်တကယ် ရှိသည်ဟု ဆိုခဲ့ကြသလို ထိုကျမ်းပါ အချက်အလက်များ မညီညွတ်မှုတို့ကြောင့် ရှင်ဥပဂုတ် အမှန်တကယ်မရှိကြောင်းကိုလည်း အခြားသူများက သက်သေပြဆိုလျက်ရှိရာ ယခုစာအုပ်တွင် ရှင်ဥပဂုတ်နှင့် ပတ်သက်သည့် ဆောင်းပါး ၃ ပုဒ်ကို တစ်စုတစ်စည်းတည်း ဖတ်ရှုရမည်ဖြစ်သည်။ စာအုပ်တွင် အရှင်ဣန္ဒာစရိယာဘိဝံသ၊ သာကီဆွေနှင့် သုန္ဒရဝင်း (ချောင်းဦး)တို့၏ ရှင်ဥပဂုတ်စစ်တမ်း ဆောင်းပါး တစ်ပုဒ်စီ ပါရှိသည်။ ဆောင်းပါးများ၌ “သမုဒ္ဒရာအတွင်း၌ ရတနာပြဿာဒ် ဖန်ဆင်းလျက် ဈာန်သမာပတ်ဖြင့် များစွာသော နေ့ရက်တို့ ပတ်လုံး အစာမစားဘဲနေသော ရဟန်း”ဟု ထင်ရှားသော ရှင်ဥပဂုတ်နှင့် ပတ်သက်၍ ကျမ်းဂန်များလာ အချက်အလက်တို့ကို အသေအချာ သုံးသပ်ဆွေးနွေးထားပြီး ထေရဝါဒ သန့်ရှင်းတည်တံ့ပြန့်ပွားလိုသူတိုင်း ဖတ်ရှုသင့်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|