|
Myanmar Books
Publishers
|
|
'AirTalk'
,
'အိုင်ကျူ'
,
'Cambridge'
,
'Ruijie'
,
'စာရင်းရေးဆွဲ'
,
'နစ်ဆင်'
,
'နရပတိ'
,
'Constitution'
,
'ဗဟုသုတ'
,
'ချမ်းမြေ့ဝင်း'
,
'ဦးမြတ်လှ'
,
'(၃၈) ဖြာ'
,
'သိစိတ်'
,
'Dhammananda'
,
'အမျိုးသားပညာရေးဥပဒေ'
,
'ကုန်ဝယ်'
,
'မြနှင်းဆီ (Mra Hninzi)'
,
'မှုခင်းဝတ္ထု'
,
'ပီမိုးနင်'
,
'Citizenship'
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: ဒုတိယကမ္ဘာစစ်ပြီးနောက် မြန်မာအစိုးရသည် အမေရိကန်စစ်လက်ကျန် ကမ်းခြေစောင့် ကင်းရေယာဉ် ၁ဝ စင်းကို လက်ခံရရှိရာ ၎င်း ၁ဝ စင်းအနက် တစ်စီးဖြစ်သော တိုက်ရေယာဉ် ၁ဝ၃ သည်လည်း တစ်စီးအပါအဝင် ဖြစ်သည်။ ၎င်းစစ်ရေယာဉ်သည် ရန်ကုန်မှ မြိတ်သို့ တာဝန်ထမ်းဆောင်ရန် သွားရောက်သည့် လမ်းခရီးတွင် မုန်တိုင်းမိကာ နစ်မြုပ်ခဲ့သည်။ ထိုရေယာဉ်၏ စစ်ရေယာဉ်မှူးဖြစ်သည့် စာရေးသူ ဗိုလ်ကြီးဘသော် (ကလောင်အမည် မောင်သော်က)နှင့်အဖွဲ့သည် အသက်ကယ်ဖောင် ၂ ဖောင်ခွဲကာ သင်္ဘောမှ တကွဲတပြားစီ စွန့်ခွာခဲ့ရပြီး ပင်လယ်ပြင်တွင် ကယ်သူမဲ့ မျောပါနေခဲ့သည်။ စာရေးသူ လိုက်ပါခဲ့သည့်ဖောင်သည် ၆ ဦးသာ ဆန့်သော်လည်း ဖောင်မလောက်ငှသဖြင့် ၁၈ ဦးအထိ ကြပ်တည်းစွာ စီးနင်းခဲ့ရသည်။ ပင်လယ်ပြင်တွင် ၁၃ ရက်ကြာ မျောပါခဲ့ပြီး အစာရေစာ ပြတ်တောက်မှုကြောင့် ပင်လယ်ဆားငန်ရေ၊ မိမိ၏ ကျင်ငယ်ရေတို့ကို သောက်ခဲ့ရသည့်အပြင် ဖောင်နားကပ်လာသည့် ဂဏန်း၊ ငါး၊ ဇင်ယော်များကို သတ်ကာ အစိမ်းစား၍ အသက်ဆက်ခဲ့ရသည်။ ပြင်းထန်လှသော ပင်လယ်ပြင်မျောပါခရီးသည် ၁၃ ရက်ကြာမြင့်ခဲ့ပြီး အရာရှိတစ်ဦးအပါအဝင် စုစုပေါင်း ၈ ဦး အသက်ဆုံးပါးခဲ့သည်။ နောက်ဆုံးတွင် ဂျပန်ကုန်တင်သင်္ဘောမှ တွေ့ရှိကယ်တင်ခဲ့ခြင်း ခံခဲ့ရသည်။ ယခုစာအုပ်သည် ထိုပင်လယ်ပြင်၏ ကြမ်းတမ်းကြောက်မက်ဖွယ် အတွေ့အကြုံကို ရသမြောက်စွာ မှတ်တမ်းတင်ရေးသားထားခြင်းဖြစ်သည်။ ဆရာမောင်သော်က၏ ထင်ရှားသောလက်ရာ ကိုယ်တွေ့မှတ်တမ်းစာအုပ်ဖြစ်ပြီး ဖတ်ပြီးသူတိုင်း တသသဖြစ်ခဲ့ရသည့် စာမူတစ်ပုဒ်လည်းဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|