|
Myanmar Books
Publishers
|
|
'သံယုတၱ'
,
'စိုးလွင်လွင်'
,
'သီအိုရီ'
,
'ဟပ်ဂျ်'
,
'မနီတာ'
,
'ဣန္ဒြေ'
,
'Noam Chomsky'
,
'သီပေါမင်း'
,
'ပြည်သူ့ဆန္ဒ'
,
'7th July'
,
'မဧမိ'
,
'ဒေဝကုမ္ဘာန်'
,
'သုဝဏ္ဏဘူမိ'
,
'KUNG FU'
,
'Marx'
,
'ကြောင်းပန်း'
,
'အေစီ'
,
'Chinese 900'
,
'George Soros'
,
'ကြမ္မာဒိုက်'
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: မြန်မာ့သမိုင်းတွင် ဘုန်းတန်ခိုးကြီးမားခြင်း, ကျော်စောထင်ရှားခြင်းစသည့် ဂုဏ်သတင်းများဖြင့် လွှမ်းခြုံသော တပင်ရွှေထီးအကြောင်းကို အတ္ထုပ္ပတ္တိဝတ္ထုတစ်ပုဒ်အနေဖြင့် လယ်တီပဏ္ဍိတဦးမောင်ကြီးက ရေးသားထားခြင်း ဖြစ်သည်။ သူသည် ဘုရင်ဖြစ်ချိန်၌ အသက် ၁၄ နှစ်ကျော်မျှသာ ရှိသေးသော်လည်း သူအုပ်ချုပ် မင်းလုပ်ရသော မြန်မာနိုင်ငံကို မြန်မာအမျိုးသားတို့ ကြီးပွားသောနိုင်ငံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ ထို့မျှမက သူ၏ သတင်းများသည် အနောက်ဥရောပနိုင်ငံများတိုင်အောင် ကျော်ကြားခဲ့သဖြင့် ဥရောပတိုင်းရင်းသားများ ခစားခုံလှုံရန် လာရောက်ခဲ့သည်အထိ ဘုန်းမီးနေလ တောက်ပခဲ့သည်။ ဤစာအုပ်တွင် သူ၏ အကြောင်းနှင့်အတူ တိုင်းပြည်ရေးရာ စစ်ရေးရာတို့၌ အရေးကုန်လွှဲပုံ၍ ယုံကြည်အားထားခဲ့သူ “သျှင်ရဲထွတ်”ခေါ် “ဘုရင့်နောင် ကျော်ထင်နော်ရထာကြီး”အကြောင်းကို လည်းကောင်း၊ ဘုရင့်နောင်ကို လက်ရုံးတစ်ဆူပြု၍ စစ်ပွဲကြီး အမျိုးမျိုးကို ဆင်နွှဲခဲ့ပုံများနှင့် အောင်ပွဲခံခဲ့ပုံများကိုလည်းကောင်း၊ သူတို့နှစ်ဦး သုံးခဲ့သည့် စစ်သေနင်္ဂဗျူဟာများအကြောင်းကို လည်းကောင်း၊ တပင်ရွှေထီးလက်ထက်တော်တွင် ကဗျာပညာရှိတို့ ရေးသားဖွဲ့ဆိုခဲ့ကြသော ကဗျာများကိုလည်းကောင်း၊ တပင်ရွှေထီးသည် သူမြေပေါ်ရောက် ဥရောပသားတို့၏ အမူဓလေ့များကို လိုက်စားသဖြင့် အဆုံးတိုင် မှားယွင်းပျက်စီးခဲ့ပုံများကိုလည်းကောင်း အချက်အလက်စုံလင်စွာဖြင့် စိတ်ဝင်စားဖွယ် ရေးသားထားသည်ကို တွေ့ရသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|