|
Myanmar Books
Publishers
|
|
'ကိုယ်စောင့်နတ်'
,
'ဇော်ဟိတ်'
,
'santideva'
,
'ပန်းချီရဲမာန်'
,
'china'
,
'သမီးလေးဖတ်ဖို့'
,
'ေၿပ'
,
'ဦးသြ'
,
'ICT'
,
'အတာ'
,
'ရေစုပ်စက်'
,
'မြစ်ဆုံ'
,
'အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်'
,
'ေတ'
,
'အာရုံငါးပါး'
,
'ဟောနည်း'
,
'ဆန်းကြယ်'
,
'မဟာသီ'
,
'ဝင်း'
,
'ကျောင်းအမ'
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဗိုလ်နေဝင်း ဇာတ်လမ်းရှုပ်သမျှ (ဦးနေဝင်း တက္ကသိုလ်စတက်တဲ့အချိန်ကစပြီး ရာထူးမှ နှုတ်ထွက်တဲ့အချိန်ထိ မြန်မာ့နိုင်ငံရေးမှာ သူဘယ်လောက်ထိ ဇာတ်လမ်းရှုပ်ခဲ့သည်ဆိုတာကို အတွင်းကျကျ ဖော်ပြထားသည့် စာအုပ်)
-
-
Author(s):
အောင်ဗလ (ကြေးမုံဦးသောင်း)
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 303
- Binding: Paperback
- Publication Month Year: May-2014
- Size: 14 cm x 21 cm
|
- Description: ရှင်သန်ကြီးထွားနေသော ပါလီမန်ဒီမိုကရေစီစနစ်ကို မပျက်မခြင်း အမျိုးမျိုး အဖုံဖုံ ဖျက်စီးကာ မိမိ၏ အကျိုးစီးပွားအတွက် စစ်အာဏာရှင်စနစ်ကို တည်ထောင်ခဲ့သူ ဗိုလ်ချုပ်နေဝင်းအကြောင်း စာအုပ်ဖြစ်သည်။ ဤစာအုပ်ကို ရေးသားပြုစုရာတွင် စာရေးသူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ဗိုလ်နေဝင်းနှင့် သိရှိရင်းနှီးရစဉ်က လေ့လာချက်များ၊ ဗိုလ်ကြည်ဝင်းစသော ထိုခေတ်က ထိပ်သီးစစ်ဗိုလ် မိတ်ဆွေများ၏ ပြောကြားချက်များ၊ တရုတ်နိုင်ငံ၌ တိမ်းရှောင်ခဲ့သူ ဗိုလ်မှူးချုပ်ကျော်ဇောအား ဆက်သွယ်မေးမြန်းရာမှ သိရှိခဲ့ရသည်များ၊ သက်သေသက္ကာရ ခိုင်လုံစွာ မပြနိုင်စေကာမူ ပတ်ဝန်းကျင်အချက်အလက် သက်သေများအရ မှန်ကန်သည်ဟု ယူဆရသည့် အချက်အလက်များ၊ ရနိုင်သမျှ စာအုပ်စာတမ်းများ၊ ဗိုလ်နေဝင်း၏ ပြောပြချက်များကို အတိအကျမှတ်တမ်းတင်ထားခဲ့သော ဒေါက်တာမောင်မောင်ရေးသားခဲ့သည့် စာအုပ်အစရှိသည်တို့မှ အချက်အလက်များကို ကိုးကားကာ ရေးသားပြုစုထားခြင်း ဖြစ်သည်။ စာရေးသူသည် ပြည်သူပိုင်သိမ်းယူခြင်းခံခဲ့ရသည့် ကြေးမုံသတင်းစာကို တည်ထောင်ခဲ့သူဖြစ်ပြီး ၁၉၆၂ ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီးချိန်၌ ထောင်သွင်းအကျဉ်းချထားခြင်းကို ခံခဲ့ရသူဖြစ်သည်။ ထောင်မှလွတ်ချိန်၌ ဦးနေဝင်းက သူ့အား သူကောင်းပြုခဲ့သည်။ သူတစ်ဦးတည်း၏ အကျိုးစီးပွားကို ဆောင်စေခဲ့၍ ဦးနေဝင်းသည် သူ၏ ကျေးဇူးရှင်ဟု ခေါ်နိုင်သော်လည်း သန်းပေါင်းများစွာသော နိုင်ငံသားတို့၏ အကျိုးစီးပွားကိုမူ ချေမွဖျက်စီးခဲ့သဖြင့် ဤစာအုပ်ကို ရေးသားပြုစုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ကိုယ်ရေးဒေါသကင်းစင်စွာ ပြုစုသော သုတေသနစာတမ်းဖြစ်သည်ဟုလည်း ဆိုထားသည်။ ဦးနေဝင်း ဘုန်းဘွဲ့ကံဘွဲ့စာအုပ်ဆိုသည်ထက် ဦးနေဝင်း၏ ရက်စက်ယုတ်မာမှုများနှင့်အတူ မြန်မာ့နိုင်ငံရေး၏ လှည့်ကွက်များ၊ အရှုပ်အထွေးများ၊ သမိုင်းသင်ခန်းစာများကို ဤစာအုပ်တွင် ကွက်ကွက်ကွင်းကွင်း ဖတ်ရှုရမည် ဖြစ်ပြီး လက်ရှိနိုင်ငံရေးအခြေအနေများနှင့် ချိန်ထိုးကာ သုံးသပ်နိုင်မည့် စာအုပ်ကောင်းတစ်အုပ်ပင် ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|