|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: စာရေးသူက ဤစာအုပ်သည် နိုင်ငံခြားခရီးသွားများအတွက် ထိုင်းနိုင်ငံတွင် အကြိမ်ကြိမ်ရိုက်နှိပ်ရသည့်စာအုပ်ဖြစ်ကြောင်း၊ ဤစာအုပ်ကို ဖတ်ရှုခြင်းဖြင့် ထိုင်းဘာသာ သာမက အင်္ဂလိပ်လိုပါ နားလည်ကျွမ်းကျင်စေမည်ဖြစ်ကြောင်း တင်ပြထားသည်။ စာရေးသူက ဘာသာစကားတစ်ခုကို စတင်လေ့လာသူအနေဖြင့် ရှေးဦးပထမ ထိုဘာသာ၏ အခြေခံသဒ္ဒါကို လေ့လာသိရှိရမည်ဖြစ်ပြီး၊ ထိုသဒ္ဒါ၏ ဝါကျတည်ဆောက်ပုံပေါ်တွင် ထပ်ဆင့်၍ ဝေါဟာရများထည့်သွင်းပြောဆိုနိုင်ရန်အတွက် ဝေါဟာရကြွယ်အောင် ကျက်မှတ်ရမည်ဖြစ်ကြောင်း၊ ထို့နောက်မှ အသံထွက်မှန်ကန်အောင် လေ့ကျင့်နားထောင်အတုယူ၍ ပြောဆိုရမည်ဖြစ်ကြောင်း ရေးသားထားသည်။ စာအုပ်တွင် ထိုင်းစကားပြောများကိုသာမက အခြေခံထိုင်းသဒ္ဒါ၊ ကြိယာများနှင့်အခြေခံဝါကျဖွဲ့ပုံ၊ ကျက်မှတ်ရန်ကြိယာများအပါအဝင် ကျက်မှတ်ရမည့် ထိုင်းဝေါဟာရများကိုပါ ပြည့်စုံစွာရေးသားထားသည့်အတွက် “ထိုင်း”ဘာသာကို စတင်လေ့လာသူများ လက်စွဲထား၍လေ့လာရမည့် စာကောင်းတစ်အုပ်ဖြစ်သည်။ စကားပြောတိုင်းကို ထိုင်းဘာသာဖြင့် တစ်ကြောင်း၊ မြန်မာအသံထွက်ဖြင့် တစ်ကြောင်း၊ အင်္ဂလိပ်ဘာသာဖြင့် တစ်ကြောင်း၊ မြန်မာအဓိပ္ပာယ်တစ်ကြောင်းပုံစံဖြင့် ဖော်ပြထားသည်။ နှုတ်ဆက်ခြင်း၊ အစားအသောက် ဝယ်ယူခြင်း၊ ဟိုတယ် စားသောက်ဆိုင်တွင် ပြောဆိုခြင်း၊ အချိန် ဂဏန်းသင်္ချာအရေအတွက် အရောင်အခေါ်အဝေါ်များ၊ ဘူတာရုံနှင့် လေဆိပ်တွင် ပြောဆိုခြင်း၊ ဈေးဝယ်ထွက်ခြင်း အပါအဝင် အသုံးများစကားပြောနည်းများကို တစ်စုတစ်စည်းတည်း လေ့လာနိုင်ကြမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|