|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ရုပ်ပွား ဆင်းတု ပန်းပု ရုပ်လုံး ရုပ်ခုံး ရုပ်ထွင်း ဆေးသွင်းပန်းချီ စသည့် မြန်မာ့ရိုးရာ ပဋိမာသိပ္ပံပညာဆိုင်ရာ လက်နေလက်ထား ဟန်ပန်အမူအရာခေါ် မုဒြာများ
-
-
Author(s):
စပ်ထွန်းမှတ်ဝင်း
- Type: Myanmar Books
-
Category:
ယဉ်ကျေးမှု
- No of Pages: 220
- Binding: Paperback
- Publication Month Year: Dec-2022
- Size: 15 cm x 26 cm
|
- Description: သာသနာရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူး (သုတေသန) အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ စာရေးသူက ဤစာအုပ်တွင်မြန်မာယဉ်ကျေးမှု အနုပညာနယ်ပယ်တွင် မရှိမဖြစ် အရေးပါ အရာရောက်လှသည့် ရုပ်လုံး ရုပ်ကြွ ဆင်းတုတော်များဆိုင်ရာကို အသေးစိတ် သုတေသနပြုထားသည်။ ရုပ်ပွား ဆင်းတုများ၏ ဟန်ပန်အမူအရာ သွင်ပြင်လက္ခဏာများနှင့်တကွ အဆောင်အယောင်များ၏ အဓိပ္ပာယ်အနှစ်သာရကို ကျမ်းဂန်အထောက်အထား ခိုင်လုံစွာဖြင့် ဖော်ပြထားခြင်း ဖြစ်သည်။ ထိုသို့ ရေးသားနိုင်ရန်အတွက်လည်း စာရေးသူ ကိုယ်တိုင် ရန်ကုန်၊ ပဲခူး၊ ပုဂံ ညောင်ဦး၊ စစ်ကိုင်း၊ မန္တလေး၊ ရှမ်းပြည်အပါအဝင် မြန်မာပြည်နေရာ အနှံ့အပြားနှင့် အိန္ဒိယ၊ ပြင်သစ်၊ ဂျပန်၊ ဟောင်ကောင်၊ ထိုင်းနိုင်ငံများသို့ ကိုယ်တိုင် ကွင်းဆင်း လေ့လာခဲ့သည်။ မုဒြာ သို့မဟုတ် ဟတ္ထခေါ် လက်ဟန်အမူအရာများအကြောင်း၊ မုဒြာ ၄၅ ပါး၊ တန္တရာယာနဆိုင်ရာ မုဒြာ ၁ဝ၈ မျိုး၊ အခြားမုဒြာအထူးများနှင့် မုဒြာမူကွဲအမျိုးမျိုးတို့အကြောင်းကို ဓာတ်ပုံများစွာနှင့်တကွ လေ့လာနိုင်ကြမည် ဖြစ်သည်။ ဤစာအုပ်သည် ယခင်က ‘မြန်မာ့ရိုးရာ ပဋိမာသိပ္ပံပညာ မုဒြာများ’ အမည်ဖြင့် ထုတ်ဝေခဲ့သည့်စာအုပ်ကို အမည်ပြောင်းကာ ပြန်လည်ရိုက်နှိပ်ထုတ်ဝေထားခြင်း ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|