|
|
Publishers
|
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ခါကာဘိုခရီးသည် (ယိမ်းနွဲ့ပါး စစ်တံခွန်အဖွဲ့ခေါင်းဆောင်၏ နယ်ခြားကိုယ်တွေ့ခရီးစဉ်များ)
-
-
Author(s):
မှူးသမိန်
- Type: Myanmar Books
-
Category:
ခရီးသွား / ပထဝီဝင်
- No of Pages: 424
- Binding: Paperback
- Publication Month Year: Nov-2008
- Size: 16 cm x 23 cm
|
- Description: မြန်မာပြည်၏ ဆွစ်ဇာလန်ဟု နာမည်ကြီးသော ခါကာဘိုသည် မြန်မာနိုင်ငံတွင်သာမက အရှေ့တောင်အာရှနိုင်ငံများတွင်ပင် အလှဆုံးနှင့် အမြင့်ဆုံး ဖြစ်သည်။ ထို့ပြင် လူသားတို့ ယနေ့တိုင် တက်ရောက်အောင်ပွဲခံနိုင်ခြင်း မရှိသေးသော ကမ္ဘာက အသိအမှတ်ပြုထားသည့် တောင်ကြီးများစာရင်းတွင် ထိပ်ဆုံးမှပါဝင်နေသေးသည်။ တောင်ဘေးပတ်လည်တွင် အလွန်ကြီးမား မက်စောက်သည့် ချောက်ကြီးရှိနေခြင်း၊ တောင်နံရံသည် မတ်လွန်း၍ ကျောက်သားပကတိ ဖြစ်နေခြင်း၊ ကျောက်တောင်ထိပ်များသည် လက်ချောင်းများကဲ့သို့ ချွန်ထက်နေခြင်း၊ ၁၂ ရာသီ ရေခဲဖုံးလွှမ်းနေခြင်း၊ ရာသီဥတုကြမ်းတမ်းခြင်းတို့ကြောင့် တောင်ထိပ်ပေါ်တက်နိုင်ဖို့ ဝေးစွ၊ တောင်ကြီးကိုမြင်ရသည့်နေရာ သို့မဟုတ် တောင်ခြေရင်းသို့ ရောက်နိုင်ရေးပင် မလွယ်ကူချေ။ ထိုသို့ ရောက်ရှိရန် ခက်ခဲလှသည့် ၎င်းဒေသကို စာရေးသူသည် နိုင်ငံတော်အစိုးရ၏ တာဝန်ပေးမှုဖြင့် ၁၉၅၅ ခုနှစ်ပတ်ဝန်းကျင်က ရောက်ရှိခဲ့ရာ သူရရှိခဲ့သည့် ရေခဲတောင်အတွေ့အကြုံများကို ဤစာအုပ်တွင် အသေးစိတ် မှတ်တမ်းတင်ရေးသားထားသည်။ ခန္တီးရှမ်းများအကြောင်း၊ နယ်ချဲ့ကိုတော်လှန်ခဲ့သည့် ဒူးလင်းဂျင်းဖောများ၊ အဖြူဝတ်စုံကိုနှစ်သက်သော ရဝမ်တိုင်းရင်းသားများ၊ မြန်မာပြည်က ဂျစ်ပစီဆိုရမည့် လှည့်လည်သွားလာနေသော လီဆူးတိုင်းရင်းသားများ၊ ပက်ဂမီဟု အမည်ပေးထားသော တရုံလူပုလေးများ၊ တောလိုက်မုဆိုးကျော် ထလုတိုင်းရင်းသားများ၊ မဟာယာနဗုဒ္ဓဘာသာကိုးကွယ်သည့် မြန်မာနိုင်ငံ၏မြောက်ဘက်အစွန်ဆုံးနေ တိဗက်တိုင်းရင်းသားများ၊ တိုင်းရင်းသားအမျိုးမျိုး၏ ယဉ်ကျေးမှုဓလေ့ထုံးစံနှင့် သူတို့ပြောသော ပုံပြင်များ၊ စွဲမက်လှပနေသည့် ဆီးနှင်းရေခဲဖုံး တောင်တန်းများ၊ အခြားဒေသနှင့်မတူ တမူထူးခြားသော ပထဝီဝင် မနုဿဗေဒ ရုက္ခဗေဒ စသည်များကို ယိမ်းနွဲ့ပါး စစ်တံခွန်အဖွဲ့ခေါင်းဆောင် ဗိုလ်မှုးကြီးစောမြင့်(ငြိမ်း)၏ နယ်ခြားကိုယ်တွေ့ခရီးစဉ်အဖြစ် ဤစာအုပ်တွင် ဖတ်ရှုကြရမည်ဖြစ်သည်။ စာရေးသူသည် ဤစာအုပ်ဖြင့် ၂ဝဝ၈ ခုနှစ်အတွက် အမျိုးသားစာပေဆု (စာပဒေသာ) ကို ရရှိခဲ့သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|