|
Myanmar Books
Publishers
|
|
'Nun'
,
'ကြိယာ'
,
'ကိုယ်အလေးချိန်'
,
'Charles Bernstein'
,
'ရွှေရိုး'
,
'အမွေဆက်ခံ'
,
'အလယ်တန်းအဆင့်'
,
'ရာထူး'
,
'မင်းလူ'
,
'စန်းဝဠာ'
,
'နိပါတ်'
,
'၉၁ ဌာန'
,
'တတိယလှိုင်း'
,
'နှစ် ၄၀'
,
'ဂစ်တာတီး'
,
'architecture'
,
'ဗောဓိပက္ခိယ'
,
'ဒွါရဝတီ'
,
'မိုင်းဖုန်းဆရာတော်'
,
'ဦးသန်းလွင်'
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: AIDS ကာကွယ်ရေးနှင့်သက်ဆိုင်သော ဥပဒေများလုံးချင်းစာအုပ်ကို ရေးသားထုတ်ဝေခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိတွင် စီမံခန့်ခွဲရေးဆိုင်ရာဂျာနယ်များတွင် Human Resource Management ဘာသာရပ်ဆိုင်ရာဆောင်းပါးများကို ရေးသားနေသော စာရေးသူက ဤစာအုပ်ကိုရေးသားရခြင်းမှာ ဖိုမဆေးပညာသည် ညစ်ညမ်းစာပေမဟုတ်ကြောင်း၊ ညစ်ညမ်းစာပေ ညစ်ညမ်းရုပ်ရှင်ဗွီဒီယိုတို့ကို ခွဲခြားနားလည်ရန်လိုအပ်ကြောင်း တင်ပြထားသည်။ ကမ္ဘာတစ်ဝှမ်းတွင် HIV, AIDS ဝေဒနာရှင်များ သန်းနှင့်ချီ၍ တိုးပွားလာရသည့် အရင်းခံအကြောင်းများစွာရှိကြောင်း၊ ဤစာအုပ်တွင် HIV ဝေဒနာသည်တို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ကြသော ဖိုမပြဿနာမျိုးစုံနှင့် ထိုပြဿနာမျိုး မိမိကိုယ်တိုင်ကြုံတွေ့လာသည့်အခါ မည်သို့ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြထားသည်။ ဤစာအုပ်တွင် ပန်းညှိုးရောဂါကို မဖြေရှင်းနိုင်၍ HIV ကူးစက်ခံရသူအကြောင်း၊ ပြည့်တန်ဆာမိန်းကလေးနှင့် ကာမဆက်ဆံစဉ် ကွန်ဒုံးပေါက်ပြဲသွား၍ HIV အန္တရာယ်ကို စိုးရိမ်စိတ်ဝင်နေသူအကြောင်း၊ အမျိုးသားချင်း လိင်တူဆက်ဆံရာတွင် ကွန်ဒုံးကျွတ်၍ ရောဂါကူးစက်ခံရသော မိန်းမလျာတစ်ယောက်အကြောင်း၊ မြို့နယ်ဆရာဝန်ကြီးတစ်ဦး မျှော်လင့်တောင့်တခဲ့သည့် လျှာမှာစွပ်ရသည့် ကွန်ဒုံးပြဿနာ၊ ကွန်ဒုံးဝယ်ယူရန် အခက်အခဲရှိပါသည်ဆိုသော အသက်(၆ဝ)ကျော် ဘဘတစ်ဦးနှင့် ကွန်ဒုံးဈေးကွက်၊ သူငယ်ချင်းများအကြား ကြွားလုံးထုတ်ချင်၍ အသက်ဆုံးရှုံးရသူ လူငယ်တစ်ယောက်အကြောင်း စသည့် HIV AIDS နှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် ဆောင်းပါး(၂၈)ပုဒ် ပါဝင်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|