|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- ပဋိပတ္တိအကျင့်လမ်းနှင့် ကျန်းမာရေးဒဿနအမြင်
-
-
Author(s):
ဘဒ္ဒန္တဝေပုလ္လ (ဝေပုလ္လာရာမရာတော်)
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 201
- Binding: Paperback
- Publication Month Year: Nov-2008
- Size: 12 cm x 18 cm
|
- Description: ဤစာအုပ်တွင် စာရေးသူဆရာတော်က အပြင်းစားပဉ္စနန္တရိ ကံ(၅)ပါးကို မလွန်ကျူးစေရန်၊ ထိုကံငါးပါးမှ တစ်ပါးပါးကိုဖြစ်စေ၊ ရာနှုန်းပြည့် အပြည့်အဝ ကျူးလွန်မိသည်ဖြစ်စေ၊ ထိုလွန်ကျူးမိသူ ဖြစ်ပေါ်လာသော အနာရောဂါအတွက် ဤ(၃၁)ဘုံတွင်လည်းကောင်း ဤသတ္တလောကတွင်လည်းကောင်း ဤကမ္ဘာပေါ်တွင်လည်းကောင်း ပျောက်ကင်းသည့်ဆေး ရှိမည်မဟုတ်ကြောင်း၊ ရှိခဲ့လျှင်လည်း ထိုသူ၏လက်ထဲတွင် အစွမ်းသတ္တိပျယ်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျန်းမာရေးကောင်းမွန်လိုသူများ၊ အသက်ရှည်၍ အနာရောဂါများ၏နှိပ်စက်ခြင်းမှ ကင်းဝေးလိုသူများအနေဖြင့် ကံ(၅)ပါးကို အဓိကလုံအောင်ထိန်းသင့်ကြောင်း ဦးစွာ အကျယ်ဖွင့်ဆို ရေးသားထားသည်။ ထို့နောက် ကျန်းမာရေးနှင့် ပတ်သက်၍ ဆရာတော်၏ ကိုယ်တွေ့ ဖြစ်ရပ်များ၊ ကျန်းမာအောင် စိတ်ချမ်းသာစွာ နေထိုင်နည်းနှင့်တကွ ဆောင်ရန် ရှောင်ရန်များကို ထပ်မံရှင်းပြထားပြီး လုပ်စရာ နည်းလမ်းများ ဘာမှ မကျန်တော့သည့် လူနာများ အထူး ကျင့်ဆောင်ရွတ်ပွားသင့်သည့် မဟာသိဒ္ဓိသရဏဂုံ (၇)ပါးကျင့်စဉ်ကိုလည်း အသေးစိတ်ရှင်းပြထားသည်။ ထို့ပြင် အာယုကပ်ပတ်လုံး အသက်ရှည်စေသော ဂါထာများဖြစ်သည့် “အာယုဝ¹ ဏဂါထာတော်၊ သဗ္ဗသုခ သမ္ပတ္တိဂါထာတော်၊ အာယု ဒီဃဂါထာတော်” များနှင့် အခြားအစွမ်းထက်ဂါထာတော်များကိုလည်း ထည့်သွင်းဖော်ပြထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|