|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- ဆီးချိုသွေးချိုဆိုင်ရာ အမေးများသော မေးခွန်းများ
-
-
Author(s):
ပါမောက္ခဦးတင့်ဆွေလတ်
- Type: Myanmar Books
-
Category:
ကျန်းမာရေးနှင့် ဆေးပညာ
- No of Pages: 139
- Binding: Paperback
- Publication Month Year: Jan-2009
- Size: 12 cm x 19 cm
|
- Description: ကမ္ဘာနှင့်အဝန်း ကမ္ဘာသူကမ္ဘာသားများကို ကျန်းမာရေးအန္တရာယ်ဖြင့် ခြိမ်းခြောက်နေသော ရောဂါများအနက် “ဆီးချို သွေးချို” ရောဂါသည် ရှေ့တန်းသို့ ရောက်ရှိလာပြီဖြစ်သည်။ ဆီးချို သွေးချိုရောဂါ၏ ဆင့်ပွားနောက်ဆက်တွဲရောဂါများကြောင့်လည်း ကိုယ်ခန္ဓာ၏အရေးပါသော အင်္ဂါများထိခိုက်ပျက်စီးနိုင်ပြီး လူစဉ်မမှီဖြစ်ကြရသည်။ ထိုကဲ့သို့ လူသားများအား ကျန်းမာရေးဝန်ထုပ်ဝန်ပိုးဖြစ်စေသော ဤရောဂါကို မဖြစ်ခင်ကပင် စနစ်တကျ ကြိုတင်ကာကွယ်သင့်သည်။ စာရေးသူသည် ဆယ်စုနှစ်တစ်ခုကျော်ကျော် ဆီးချိုသွေးချိုရောဂါရှင်များကို ကုသပေးလျက်ရှိပြီး၊ လူနာနှင့်လူနာရှင်အများစု အမြဲလိုလိုမေးလေ့ရှိသော မေးခွန်းများကို စုဆောင်းကာ ဆီးချိုသွေးချိုရောဂါရှင်များသာမက အခြားလူများပါ ကျန်းမာရေးအသိရှိစေရန် ရည်ရွယ်၍ ထုတ်ဝေလိုက်ခြင်းဖြစ်သည်။ ဤစာအုပ်တွင် ဆီးချိုသွေးချိုရောဂါ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဤရောဂါဘာကြောင့်ဖြစ်ရသလဲ၊ နောက်ဆက်တွဲ ဆင့်ပွားရောဂါများအကြောင်း၊ ရောဂါမဖြစ်အောင် ကာကွယ်ပုံ၊ ရောဂါသည်အတွက် အစားအသောက် အနေအထိုင်၊ သွေးချိုထိန်းဆေးများ၊ အင်ဆူလင်ဟော်မုန်းဆေးအကြောင်း၊ အပေါင်းအပါရောဂါများ၊ ဤရောဂါနှင့်ပတ်သက်၍ နောက်ဆုံးပေါ်သုတေသနစာတမ်း စသည်တို့ကို ပြည့်စုံစွာတင်ပြထားသည်။ ကျန်းမာရေးအသိရှိသူတိုင်း လက်စွဲထားသင့်သောစာအုပ်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|