|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: မြန်မာနိုင်ငံရေးသမိုင်းတွင် အမည်းစက်ကြီးတစ်ခုသဖွယ် ဖြစ်ခဲ့ရသည့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်များ လုပ်ကြံခံခဲ့ရသည့် ဖြစ်ရပ်အစအဆုံးကို အသေးစိတ် မှတ်တမ်းတင်ထားသော စာအုပ်ဖြစ်သည်။ အတန်းပညာ ၇ တန်းသာရှိသေးသော်လည်း ဘိလန်ပြန် နိုင်ငံရေးသမားများနှင့် တန်းတူ တန်ခိုးကြီးခဲ့သူ ဦးစော၏ ဗိုလ်ချုပ်အပေါ် အမြင်အကြည်လင်မှုများနှင့် အငြိုးထားခဲ့ပုံ၊ လုပ်ကြံရန်အတွက် အကွက်စေ့စေ့ ကြိုတင် စီမံခဲ့ပုံ၊ လက်နက်များကို ဗြိတိသျှ စစ်တပ်မှ ခိုးထုတ်၍ သူ့အိမ်အနီး အင်းယားကန် ရေပြင်အောက်တွင် ဝှက်ထားခဲ့ပုံ၊ လုပ်ကြံမည့်နေ့ မတိုင်ခင်က ဦးစော၏ အိမ်တွင် လုပ်ခဲ့သည့် လျှို့ဝှက်အစည်းအဝေး၊ သေနတ်ဖြင့် ပစ်ခတ်ခြင်း မခံရခင် စက္ကန့်ပိုင်းအလို လူသတ်သမားများကို တစ်စုံတစ်ခုပြောရန်ကြိုးစားခဲ့သော ဗိုလ်ချုပ်၏ ဟန်ပန် အပါအဝင် လုပ်ကြံမှုနေ့က ဖြစ်စဉ်အစအဆုံး၊ လုပ်ကြံပြီးနောက် အစိုးရက နေဝင်မီးငြိမ်အမိန့်ထုတ်၍ ဦးစောတို့ ကွင်းစကို မည်သို့မည်ပုံ ဖော်ထုတ်ခဲ့ပုံ၊ ဦးစောနှင့် အပေါင်းပါများ အဖမ်းခံရပြီးနောက် တစ်ဦးချင်း၏ ထွက်ဆိုချက်၊ အမှုတွင် ဦးစောက ကိုယ်လွတ်ရုံးရန် ကြံသော်လည်း အထောက်အထားခိုင်မာမှုကြောင့် သေဒဏ်စီရင်ခံခဲ့ရပုံ၊ အဖမ်းခံရစဉ် ပေါင် ၁၄ဝ ကျော်ရှိသော်လည်း သေဒဏ်စီရင်မည့်နေ့က ပေါင် ၁၂ဝ ကျော်သာရှိတော့သည့် ဦးစော၏ နောက်ဆုံးမြင်ကွင်း၊ ဦးစော၏ သူ့မိသားစုသို့ နောက်ဆုံးမှာကြားချက်နှင့် သံဝေဂစာ အပါအဝင် ဦးစော၏ နောက်ဆုံးအချိန်များကို အသေးစိတ် ဖတ်ရှုကြရမည်ဖြစ်သည်။ ဒေါက်တာမောင်မောင်၏ နိုင်ငံတော်လုပ်ကြံမှုအပါအဝင် ဆိုင်ရာစာအုပ်များကို ဆက်စပ်ကိုးကားကာ အထောက်အထား အပြည့်အစုံဖြင့် ရေးသားပြုစုထားခြင်းဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|