|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- ကျွန်တော်ချစ်သော တပ်မတော် (အတွဲ ၂) (၁၉၅၂-၆၂)
-
-
Author(s):
ပီကျော်ဟန်
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 449
- Binding: Paperback
- Publication Month Year: Dec-2008
- Size: 13 cm x 20 cm
|
- Description: ဤစာအုပ်တွင် တပ်မတော်ကို မဏ္ဍိုင်ထားပြီး စာရေးသူ ဘဝတစ်လျှောက် ကြုံတွေ့ခဲ့ရသမျှကို တင်ပြထားခြင်းဖြစ်သည်။ စာအုပ်တွင် စစ်ရေးလည်းပါသည်၊ အချစ်ရေးလည်းပါသည်၊ နိုင်ငံရေးလည်းပါသည်၊ စီးပွားရေးနှင့်လူမှုရေးလည်းပါသည်။ သို့ရာတွင် စစ်ဝတ္ထု အချစ်ဝတ္ထုလည်းမဟုတ်သကဲ့သို့ နိုင်ငံရေးစာပေ နိုင်ငံရေးအတွေးအခေါ် အယူအဆများလည်းမဟုတ်ကြောင်း အမှာစာတွင် ရေးသားဝန်ခံထားသည်။ စာရေးသူ၏ အတိတ်မှဖြစ်ရပ်များကို လွမ်းစရာအဖြစ်လည်းကောင်း၊ နှောင်းခေတ် လူငယ်မျိုးဆက်သစ်များ သိစေလိုသော စေတနာဆန္ဒဖြင့် တင်ပြထားခြင်းဖြစ်သည်။ ၁၉၅၂-၁၉၆၂ ခုနှစ်အတွင်း အချိန်ကာလအပိုင်းအခြား ကာလအတွင်း တပ်မတော်ကို မဏ္ဍိုင်ထားပြီး ပတ်သက်ဆက်နွယ်ခဲ့သည့်များကို ရေးသားထားပြီး ထို ၁ဝ နှစ်အတွင်း တပ်မတော်မှ ပြည်တွင်းပြည်ပအန္တရာယ်များကို တွန်းလှန်ကာကွယ်ခဲ့သော စစ်ပွဲများအနက် ပြည်ပမှ ကျူးကျော်ဝင်ရောက်လာသော KMT တရုတ်ဖြူတို့အား တွန်းလှန်တိုက်ခိုက်ခဲ့သော ရန်ကြီးအောင်စစ်ဆင်ရေးအကြောင်း၊ ဇောင်းတူတိုက်ပွဲနှင့် ရွှေလောင်းတိုက်ပွဲများအကြောင်း စသည့် နာမည်ကျော်တိုက်ပွဲများအကြောင်းကိုလည်း ဗဟုသုတအဖြစ်ဖတ်ရှုနိုင်သည်။ ထို့ပြင် တစ်ချိန်က မြန်မာ့ဆိုရှယ်လစ်ပါတီဝင်ဖြစ်ခဲ့သည့်အပြင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တင်မြှောက်ခြင်းခံရသည့် စာရေးသူက နိုင်ငံရေးအယူအဆနှင့် အာဘော်မပါဘဲ ထိုစဉ်က နိုင်ငံရေးလောကတွင် ဖြစ်ပျက်ခဲ့သည်များ၊ သင်ခန်းစာယူသင့်သော အကြောင်းအရာ အဖြစ်အပျက်များကိုလည်း ဖွင့်ချထုတ်ဖော်ရေးသားထားသည်ကို ဖတ်ရှုရမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|