|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- သဲအင်း ဓမ္မသာကစ္ဆာ
-
-
Author(s):
ထလွန်မင်းလှငွေ
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 263
- Binding: Paperback
- Publication Month Year: Dec-2008
- Size: 13 cm x 21 cm
|
- Description: အမြဲလင်း ဇွဲတင်း သဲအင်းဟု နာမည်ကြီးသော သဲအင်းဂူဝိပဿနာရှုနည်းအကျယ်ကို အမေးအဖြေပုံစံဖြင့် ဖတ်ရှုရမည့်စာအုပ်ဖြစ်သည်။ မူလသဲအင်းဂူဆရာတော်ဘုရားကြီး၏ သြဝါဒကို ခံယူပြီး ထလွန်မင်းလှငွေရေးသားပြုစုသော သဲအင်းဓမ္မသာကစ္ဆာ ဝတ္ထုကြီး ချစ်ဓိဋ္ဌာန် ဒုတိယတွဲကို သဲအင်းဓမ္မသာကစ္ဆာဟူသော အမည်ဖြင့် ပြန်လည်ထုတ်ဝေခြင်းဖြစ်သည်။ ကာယနုပဿနာ သတိပဋ္ဌာန်အကြောင်း၊ ကမ္မဌာနစရိယ တရားပြဆရာများအကြောင်း၊ လောကုတ္တရာဘုံအကြောင်း၊ သဘာဝလက္ခဏာနှင့် သာမညလက္ခဏာအကြောင်း၊ နိဗ္ဗာန်အကြောင်း၊ ဥစ္ဆေဒဒိဋ္ဌိအကြောင်း၊ စတုတ္ထဈာန်အကြောင်းနှင့် ပြင်ပဉာဏ်စဉ်များအကြောင်းကို အပြန်အလှန်ဆွေးနွေးခန်းပုံစံဖြင့် ရှင်းလင်းထားပြီး လူအများ နားလည်လွယ်သည့် စကားလုံး အသုံးအစွဲများ၊ ပေါ်လွင်သည့် ဥပမာများဖြင့် အသေးစိတ် ရှင်းလင်းဖော်ပြထားသည်ကို တွေ့ရသည်။ သမထဝိပဿနာ ကမ္မဋ္ဌာန်းစီးဖြန်းသည့် နေရာတွင် နည်းလမ်းမှန်ဖို့က အထူးအရေးကြီးလှရာ မှန်ကန်သည့် နည်းစနစ်၊ တက်ကြွသည့် အဟောအပြော၊ ထက်မြက်သည့် ရှုကွက်နှင့်အညီ အားထုတ်မည်ဆိုက တစ်ထိုင်တည်းနှင့် တရားထူးရနိုင်သည်ဟု စာရေးသူက အမှာစာတွင် ရေးသားထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|