|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: မြန်မာနိုင်ငံ သတင်းစာသမိုင်းတလျှောက်မှ ထူးခြားဖြစ်စဉ်များနှင့် အများပြည်သူ စိတ်ဝင်စားဖွယ် ဖြစ်ခဲ့သော သတင်းများကို သတင်းစာပါ သတင်း၊ ဓာတ်ပုံများနှင့်တကွ စုစည်းဖော်ပြထားသော စာအုပ်ဖြစ်သည်။ အစောဆုံး ရတနာပုံသတင်းစာ(၁၈၇၄) မှစတင်၍ ပါရှိပြီး အဖြစ်အပျက်များကို အင်္ဂလိပ်လ အပိုင်းအခြားအလိုက် စုစည်းဖော်ပြထားသည်။ စုစည်းထားသည့် မူရင်းသတင်းစာများမှာ မြန်မာ့အလင်း၊ ဗမာ့ခေတ်၊ ဟံသာဝတီ၊ ရန်ကုန်၊ အိုးဝေ၊ မဏ္ဍိုင်၊ ပြည်ထောင်စု၊ ထွန်းနေ့စဉ်၊ မန္တလေးလူထုအပါအဝင် သတင်းစာမှ ဖြစ်ကြသည်။ သတင်းစာများသည် အားထားယုံကြည်ရသော သမိုင်းအထောက်အထားများဖြစ်ကြရာ သမိုင်းစိတ်ဝင်စားသူများနှင့်တကွ မြန်မာ့တို့၏ အတိတ်ကို သိရှိလိုသူများအတွက် အထူးအထောက်အကူပြုမည့် စာအုပ်ဖြစ်သည်။ ပါပဲလ်ပလိန်း အမေရိကန်ရုပ်ရှင်ဇာတ်ကားပါ ရဲဘော်သုံးကျိပ်ဗိုလ်စကြာ၏ ဇနီးကို အပြာရောင်မယ်ဟု ရေးသားချက်အပေါ် တရားစွဲမှု၊ သီပေါဘုရင်၏ သမက်က အင်္ဂလိပ်ဘုရင်ခံကို စိန်ခေါ်မှု၊ ကမ္ဘာပေါ်တွင် ပထမဆုံး လေယာဉ်ပျံ ပြန်ပေးဆွဲမှု မြန်မာနိုင်ငံတွင် ဖြစ်ပွား၊ အပိုလို ၁၂ အာကာသယာဉ်မှူးများ ရန်ကုန်သို့ လာလည်၊ ရုပ်ရှင်မင်းသမီး မေရီမြင့် အုတ်ဂူဖောက်သူ ဖမ်းမိအပါအဝင် နယ်ပယ်အသီးသီးမှ စိတ်ဝင်စားဖွယ်သတင်းများကို ဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|