|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: မဟာစည် နာယကဆရာတော် ဘဒ္ဒန္တစန္ဒာဝရ (ပဲနွယ်ကုန်း)၏ ဝိပဿနာ တရားနှစ်ပုဒ်ကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။ မြားလုပ်နေသော လေးသမားသည် မြားကို ဖြောင့်သည့်အခါ မီးကင်လိုက်၊ ဖြောင့်လိုက် အကြိမ်ကြိမ်လုပ်ရသလို ဝိပဿနာတရားအားထုတ်ရာတွင် ယောဂီပုဂ္ဂိုလ်များ၏ ကောက်နေသည့် စိတ်ကို ဝီရိယ သမာဓိတို့ဖြင့် အကြိမ်ကြိမ် ဖြောင့်ပေးမှသာ ရုပ်တရား နာမ်တရား ပိုင်းခြားသိမြင်လာပြီး အနိစ္စ ဒုက္ခ အနတ္တဟူသည့် သဘောမှန်များကို သိလာမည်ဖြစ်ကြောင်း ဆရာတော်၏ “အတိတ်က ပုံရိပ်”ဟူသည့် တရားတွင် ဟာရိတမထေရ်အကြောင်းပြုကာ နာကြားရမည်ဖြစ်သည်။ ထို့အတူ မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ် အစရှိသည့် ၃၂ မျိုးသော အရာဝတ္ထုများနှင့် ပေါင်းစပ်ထားသည့် ဤခန္ဓာကိုယ်ကြီးကို ဇရာ မရဏ အပါအဝင် မီး ၁၁ မျိုးက နေ့စဉ်လောင်ကျွမ်းနေကြောင်း၊ ထိုမီးများကို ဒါန၊ သီလနှင့် ဘာဝနာတည်းဟူသော မဂ္ဂင်ရှစ်ပါး အကျင့်တရားနှင့် ငြိမ်းရမည်ဖြစ်ကြောင်းကို ဆရာတော်၏ “အာဒိတ္တသုတ္တန်”တရားတော်တွင်လည်းကောင်း နာကြားကြရမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|