|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- သြဝါဒပန်းပွင့်များ (အတွဲ ၁)
-
-
Author(s):
အရှင်အာစာရ (ကံယုံ)
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 119
- Binding: Paperback
- Publication Month Year: Jul-2009
- Size: 10 cm x 16 cm
|
- Description: ရဟန္တာအရှင် မထေရ်မြတ်များ၏ သြဝါဒများနှင့် ကံယုံဆရာတော်၏ သြဝါဒများကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။ ရဟန္တာအရှင် မထေရ်မြတ်များ၏ သြဝါဒများ အခန်းတွင် အရှင်ပိယဉ္ဇယ မထေရ်၊ အရှင်ပိဏ္ဍောလဘာရဒွါဇ မထေရ်၊ အရှင်ဧရက မထေရ်၊ အရှင်အဇိန မထေရ်၊ အရှင်ဟေရညကာနိ မထေရ်၊ အရှင်သောမမိတ္တ မထေရ်၊ အရှင်မာတင်္ဂပုတ္တ မထေရ်၊ အရှင်ယသောဇ မထေရ်၊ အရှင်အဘိဘူ မထေရ်၊ အရှင်သာရိပုတ္တ မထေရ်မြတ်အပါအဝင် ရဟန္တာနှင့် ရဟန္တာဟု ကျော်ကြားသော မထေရ်မြတ်တို့၏ ဒါန သီလ ဘာဝနာဆိုင်ရာ သြဝါဒတိုများပါရှိသည်။ စာရေးသူ ကံယုံဆရာတော်သြဝါဒအခန်းပါ သြဝါဒတိုများမှာမူ ဇေယျဝတီဆရာတော်၊ တောင်ပွားဆရာတော်အစရှိသော ရှေးရှေးဆရာတော်ဘုရားကြီးများ၏ အဆုံးအမ သြဝါဒများကို ဆင့်ပွားခံယူကာ ပြန်လည်ရေးသားထားခြင်းဖြစ်သည်။ မပိုင်ဝက်မွေး၊ အကြွေးပြေ ဝိပဿနာ၊ ဒါန နည်းပညာ သင်ပါ၊ စိတ်ကောင်းနှင့် မိတ်ကောင်း၊ ငရဲမျိုးစေ့ ပျိုးနေသူများ၊ ဘုန်းမကြီးတဲ့ သူတော်ကောင်း၊ ဘုန်းကြီးတဲ့ သူယုတ်မာ၊ နောင်ရေး အေးရန် အကျင့်ငါးတန်၊ မေ့လျော့ပြီး မမေ့လျော့သူ၊ နာမ်သိနှင့် ဉာဏ်သိ၊ တရား ရှာ၊ ကိုယ်မှာတွေ့ အပါအဝင် သြဝါဒတို ၁၅ဝ ခန့် ပါဝင်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|