|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ဗိုလ်ချုပ်ယာမာမိုတိုနှင့် ပုလဲဆိပ်ကမ်းတိုက်ပွဲ
-
-
Author(s):
သောင်းဝေဦး
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 203
- Binding: Paperback
- Publication Month Year: Oct-2009
- Size: 12 cm x 18 cm
|
- Description: ဒုတိယကမ္ဘာစစ်ကာလ၏ အထင်ကရ ဂျပန်ဗိုလ်ချုပ်တစ်ဦးဖြစ်သူ ယာမာမိုတိုအကြောင်းနှင့် သူ၏ စစ်ရေးဗျူဟာများကို အသေးစိတ် ရေးသားတင်ပြထားခြင်းဖြစ်သည်။ အမေရိကန် ပုလဲဆိပ်ကမ်းကို တိုက်ခိုက်ရာတွင် အဓိကခေါင်းဆောင်တစ်ဦးအဖြစ် နေရာယူခဲ့သော သူ့အကြောင်းရေးသားထားသည့် ဤစာအုပ်တွင် ဂျပန်နှင့် အမေရိကန် စစ်မဖြစ်မီအချိန်က နှစ်နိုင်ငံတို့၏ နိုင်ငံရေး၊ စစ်ရေးအခြေအနေ၊ စစ်ဖြစ်ရန် အခြေအနေ ဖန်တီးလာပုံ၊ ယာမာမိုတို၏ အတ္ထုပ္ပတ္တိနှင့် စစ်ပညာ သင်ယူခဲ့ပုံများ၊ ပုလဲဆိပ်ကမ်းကို တိုက်ခိုက်ခြင်းဖြင့် စစ်ကို စတင်လိုက်ပုံနှင့် ထိုတိုက်ခိုက်မှုကြောင့် အမေရိကန်တို့ အထိနာခဲ့ပုံ၊ ထိုတိုက်ပွဲတစ်ခုလုံးကို ယာမာမိုတိုက အစအဆုံး ကိုင်တွယ်ခဲ့ပုံ၊ တိုက်ပွဲမစတင်မီ ဂျပန်နိုင်ငံတွင် ပြင်ဆင်လေ့ကျင့်ခဲ့ပုံများ၊ ပုလဲဆိပ်ကမ်းကို တိုက်ခိုက်ရန်အတွက် လေယာဉ်တင် သင်္ဘောကြီးဖြင့် လျှို့ဝှက် စစ်ဆင်ရေးထွက်ခဲ့ပုံနှင့် ဂျပန်လေသူရဲများ၏ သူရသတ္တိ၊ စစ်ဆင်ရေးပြီးပြီးချင်း အမေရိကန်တို့ ရှာမတွေ့နိုင်လောက်အောင် မြန်ဆန်စွာ ဆုတ်ခွာနိုင်ခဲ့ပုံ၊ တိုက်ပွဲတွင် အမေရိကန်ဖက်မှ စစ်သည် ၂၄ဝဝ ကျော်သေဆုံး၍ ၁၁ဝဝကျော် ဒဏ်ရရာရှိပြီး လေယာဉ်ပေါင်း ၂၁၈ စင်း၊ စစ်သင်္ဘောကြီး ၁၄ စင်း ပျက်စီးခဲ့သော်လည်း ဂျပန်များဘက်မှမူ မဆိုစလောက်သာ ပျက်စီးခဲ့ပုံ၊ ထိုကြောင့်လည်း စစ်အတွင်း အမေရိကန်တို့သည် ယာမာမိုတိုကို လုပ်ကြံရန် အကြိမ်ကြိမ် ကြိုးစားခဲ့ပုံနှင့် နောက်ဆုံး သူ၏ လေကြောင်းခရီးစဉ်တစ်ခု ခရီးစဉ် စကားဝှက်ကို ဖော်ထုတ်နိုင်ခဲ့ရာမှ သူစီးလာသည့် လေယာဉ်ကို စီးချင်းထိုး ပစ်ချ၍ လုပ်ကြံနိုင်ခဲ့ပုံများကို စိတ်ဝင်စားဖွယ် ရေးသားထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|