|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: ဒုတိယကမ္ဘာစစ်အတွင်း လူလားမြောက်ခဲ့ရပြီး၊ စစ်အတွင်း၌ သူရိယနှင့် ဂရိတ်တားအေးရှားသတင်းထောက်၊ စာရေးဆရာ၊ စာအုပ်သည်၊ အရှေ့အာရှတိုက် လူငယ်များ အစည်းအရုံးဝင်၊ အာရှလူငယ်၊ ကားစပယ်ယာ၊ လှေလိုက်၊ ပုံနှိပ်ပညာသင်၊ ကုန်စုံဆိုင် အရောင်းသမား၊ လက်ဖက်ရည်ဆိုင် စားပွဲထိုးသမား အစရှိသည်ဖြင့် ဘဝပေါင်းစုံခဲ့သော စာရေးသူသည် ထိုကဲ့သို့ ဂျပန်အောက် သုံးနှစ်ရောက်ခဲ့စဉ်ကာလအတွင်း စစ်ဘေးဒုက္ခအမျိုးမျိုးကြုံတွေ့ရပုံများနှင့် ထိုခေတ်ထိုအခါ၏ နိုင်ငံရေး၊ စစ်ရေးမြင်ကွင်းများကို ယနေ့ခေတ် လူကြီးလူငယ်များ သိရှိနိုင်ရန် ပြန်ပြောင်းရေးသားထားခြင်းဖြစ်သည်။ စာအုပ်တွင် မြန်မာပြည်အနှံ့သို့ စစ်ပြေးဘဝအဖြစ် ပြေးလွှားခိုအောင်ခဲ့ပုံများ၊ ဗြိတိသျှ စစ်မှတ်တမ်းမှ သမိုင်းဝင် ရွှေတောင်တိုက်ပွဲ၊ ဂျပန်ခေတ်ထုတ် သတင်းစာများအကြောင်း၊ ရန်ကုန်မှ ဆင်ဆာရုံး၊ အင်္ဂလိပ်သတင်းစာ၊ သူရိယသတင်းစာ၏ သတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပုံ၊ ဂျပန်ခေတ်၏ ပညာရေး၊ ပထမဆုံး ရုပ်ရှင်ပဒေသာ ကပွဲကြီးအကြောင်း၊ ဂျပန်ခေတ် မြန်မာရုပ်ရှင်၊ သခင်ထွန်းအုပ်၊ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် စစ်ရေး၊ နိုင်ငံရေးပုဂ္ဂိုလ်များ၏ လွတ်လပ်ရေးအတွက် လှုပ်ရှားမှုများ၊ ဂျပန်ခေတ် ဒေါက်တာဘမော် အစိုးရဖွဲ့ပုံ၊ ဂျပန်ခေတ် အသံလွှင့်လုပ်ငန်း၊ နယ်စပ်ရှိ မီနာမီအဖွဲ့ဝင်များ၊ ဂျပန်ခေတ် စီးပွားရေး၊ အာရှလူငယ်ဖွဲ့စည်းခြင်း၊ ဗိုလ်ဗထူးနှင့် ဂျပန် ပဋိပက္ခ၊ သမိုင်းဝင် တော်လှန်ရေးနေ့အပါအဝင် ဂျပန်ခေတ်၏ ကြမ်းတမ်းလှသော ဘဝအတွေ့အကြုံများကို အသေးစိတ် ရေးသားမှတ်တမ်းတင်ထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|