|
Myanmar Books
Publishers
|
|
'ကယားပုံပြင်'
,
'b'
,
'ဘာဝနာ'
,
'၅၀'
,
'ပွင့်ပင်'
,
'Linguaphone'
,
'သုဝဏ္ဏဘူမိ'
,
'အညာဓလေ့'
,
'Grade 2'
,
'55'
,
'လုိဂုိ'
,
'ရှစ်လေးလုံး'
,
'Beat Movement'
,
'ရွှေဘို'
,
'သက္ခတ်'
,
'Milindapanha'
,
'နိုင်ဦး'
,
'engineer'
,
'ဆမားဒူးဝါး'
,
'ဦးတင်ဦး (ကျူရှင်)'
|
More ...
|
Latest 10 New Arrivals
Book Details
|
- ကာရာမာဇော့ ညီအစ်ကိုများ
-
-
Author(s):
နတ်နွယ်
- Type: Myanmar Books
-
Category:
ဝတ္ထုရှည်
- No of Pages: 1138
- Binding: Paperback
- Publication Month Year: Mar-2020
- Size: 15 cm x 24 cm
|
- Description: ရုရှားစာရေးဆရာကြီးများတွင် တောလ်စတွိုင်းကဲ့သို့ ထင်ရှားသော Fyodor Dostoevsky ရေးသားသည့် The Brothersကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ သူသည် အလယ်အလတ်တန်းစားလောကမှ ပေါက်ဖွားလာသူဖြစ်သည့် အလျောက် သူ့ဝတ္ထုဇာတ်ဆောင်များသည် မှူးကြီးမတ်ရာများနှင့် တောသူတောင်သားများ မဟုတ်ကြဘဲ ကျောင်းသားများ၊ ကုန်သည်ပွဲစားများနှင့် အစိုးရ အမှုထမ်းများ ဖြစ်နေကြသည်ကို တွေ့ရမည် ဖြစ်သည်။ ဤဝတ္ထုရှည်ကြီးကို သူ့အသက် ၅၇ နှစ်တွင် ရေးသားခဲ့ပြီး ဤဝတ္ထုရှည်ကြီးကြောင့် သူသည် ရုရှားတွင်သာမက ဥရောပနှင့် ကမ္ဘာ့စာပေတွင် အထူးထင်ရှား အောင်မြင်ကျော်ကြားခဲ့သည်။ ၁၉ ရာစုနှစ် ရုရှားနိုင်ငံ၏ လူမှုရေး အခြေအနေကို သရုပ်ဖော်ထားခြင်း၊ လူတို့၏ စရိုက်ဖြစ်ပေါ်ပြောင်းလဲမှုကို ဖော်ပြခြင်း၊ မိသားစုတစ်စုအတွင်း မတူကွဲပြားသော စရိုက်ကို ဖော်ပြခြင်း၊ ဒုစရိုက်နှင့် သုစရိုက်တို့ကို ပေါ်လွင်အောင် ဖော်ပြထားခြင်း၊ မကောင်းမှုကို ကောင်းမှုဖြင့် တုံ့ပြန်ရန် နှိုးဆော်ထားခြင်း၊ မကောင်းမှုပြုသူသည် တစ်နေ့နေ့တွင် ပြစ်ဒဏ်ခံစားရတတ်ကြောင်း ဖော်ပြထားခြင်း၊ ငြိမ်းချမ်း ညီညွတ်သော လူ့ဘောင်တည်ဆောက်ရန် လှုံ့ဆော်ထားခြင်း၊ ရမ္မက်တဏှာနှင့် အချစ်စစ်အချစ်မှန်ကို ခွဲခြားဖော်ပြထားခြင်း၊ ဖောက်ပြန်မှုနှင့် သစ္စာတရားကို ခွဲခြားဖော်ပြထားခြင်း၊ လူ့လောကအလှကို အနိဋ္ဌာရုံများကြားမှ ရှာဖွေ တင်ပြထားခြင်း အစရှိသည့် ရည်ရွယ်ချက်များဖြင့် ဤဝတ္ထုကြီးကို ရေးသားထားခြင်းဖြစ်သည်ဟု ဆိုသည်။ မူရင်းစာရေးဆရာ၏ ဖန်တီးနိုင်စွမ်းနှင့် ဝတ္ထုကြီး၏ ခမ်းနားကြီးကျယ်ပုံ၊ ဇာတ်ဆောင်တို့၏ ထူးခြားဆန်းပြားသော စရိုက်လက္ခဏာတို့နှင့်အတူ ဆရာနတ်နွယ်၏ လုံ့လဝီရိယနှင့် ခက်ခဲနက်နဲသော ဒဿန၊ အတွေးအခေါ်များ၊ ဇာတ်ဝင်ခန်းများကို အနုပညာမြောက်စွာဖြင့် ဖတ်ရှုခံစားကြရမည်ဖြစ်သည်။ စာရေးသူသည် ဤစာအုပ်ဖြင့် ၂ဝဝ၂ ခုနှစ်အတွက် အမျိုးသားစာပေဆု (ဘာသာပြန် - (ရသ)) ကို ရရှိခဲ့သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|