|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- မိုဗီဒစ်
-
-
Author(s):
နတ်နွယ်
- Type: Myanmar Books
-
Category:
ဝတ္ထုရှည်
- No of Pages: 713
- Binding: Paperback
- Publication Month Year: Jun-2025
- Size: 15 cm x 24 cm
|
- Description: ကမ္ဘာကျော် စာရေးဆရာကြီး Herman Melville ရေးသားသည့် ကမ္ဘာကျော်ဝတ္ထုတစ်ပုဒ်ဖြစ်သည့် Moby-Dick or The White Whale ဝတ္ထုကြီးကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ ဝေလငါးနှင့် မာလိန်မှူး အာဟတ်တို့ ပင်လယ်ပြင်တွင် အပြန်အလှန် ဉာဏ်ကစားကြပုံများကို သည်းထိတ်ရင်ဖိုဖြစ်ဖွယ် ဖတ်ရှုကြရမည် ဖြစ်သည်။ ဤစာအုပ်အကြောင်းကို ကမ္ဘာ့စာရေးဆရာကြီးများနှင့် မြန်မာဝေဖန်ရေးစာရေးဆရာကြီးများက ရေးသားထားကြရာ၌ နွယ်သစ်က “အချို့ဝေဖန်ရေးဆရာများက မိုဗီဒစ်ကို ရူပကပုံပြင်ဟု ယူဆကြသည်။ မာလိန်မှူး အာဟတ်သည် အကောင်း၏ပြယုဂ်ဖြစ်ပြီး ဝေလငါးဖြူကြီး မိုဗီဒစ်သည် အဆိုး၏ ပြယုဂ်ဖြစ်သည်။”ဟု လည်းကောင်း၊ ကာလ်ဗန်ဒိုရင်က “ကမ္ဘာ့စာပေ သမိုင်းတစ်လျှောက်လုံးတွင် အကြီးကျယ်ဆုံး ပင်လယ်ဝတ္ထုကြီးဖြစ်သည်”ဟု လည်းကောင်း၊ အေဗရာဟင်အိပ်ချ်လစ်က “ပင်လယ်ဝတ္ထုများ အားလုံးတွင် အကောင်းဆုံးဖြစ်သည်။ ဝေလငါးအကြောင်း မဟာမော်ကွန်းရှည်နှင့် စွယ်စုံကျမ်းကြီးဖြစ်သည်”ဟု လည်းကောင်း၊ ဟွန်စတိန်း ပါစီဘရောင်းက “ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး ပင်လယ်ဝတ္ထုကြီးဖြစ်သည်။ သည်းထိတ်ရင်ဖို စွန့်စားခန်းဝတ္ထုကြီးဖြစ်သည်။”ဟု လည်းကောင်း၊ ဆမ်းမားဆက်မွန်က သူရေးသားသော ကမ္ဘာ့အကြီးကြယ်ဆုံး ဝတ္ထုဆယ်ပုဒ်တွင် “မိုဗီဒစ်သည် ကြီးကြယ်သော ဝတ္ထုကြီးတစ်ပုဒ်ဖြစ်သည်။ အလွန်ကြီးကြယ်သော ဝတ္ထုတစ်ပုဒ်ဖြစ်သည်”ဟု လည်းကောင်း ချီးမွမ်းထားကြသည်။
|
|
|
|
|
|
|
|
|