|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: စာရေးသူဆရာတော်သည် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်မှ ကထိကဆရာတော်တစ်ပါးဖြစ်ပြီး ဤစာအုပ်သည် သာသနတက္ကသီလ မဟာဓမ္မာစရိယဘွဲ့အတွက် ဆရာတော်တင်သွင်းခဲ့သော ကျမ်းကို စာအုပ်အဖြစ် ရိုက်နှိပ်လိုက်ခြင်းဖြစ်သည်။ စာအုပ်နာမည်အတိုင်း ဗုဒ္ဓအလိုကျ ကျေးဇူးဆပ်နည်းကို ပိဋကတ်ကျမ်းများကို အခြေခံ၍ မဃဒဝေ လင်္ကာသစ်၊ မင်္ဂသုတ်ပျို့၊ ရွှေဟင်္သာမင်းပျို့ စသည့် ပျို့၊ လင်္ကာများမှ ထုတ်နှုတ်ကာ ရေးသားတင်ပြထားခြင်းဖြစ်သည်။ စာအုပ်ကို ကျေးဇူးတရားနှင့် စပ်၍ သိမှတ်ဖွယ်ရာများ၊ မိဘကျေးဇူးဆပ်နည်း၊ ဆရာသမားနှင့် အခြားကျေးဇူးရှင်တို့အား ကျေးဇူးဆပ်နည်းဟူ၍ အခန်း ၃ ခန်းခွဲတင်ပြထားသည်။ ကျေးဇူးဆိုသော စကား ဆင်းသက်လာပုံ၊ ပညာရှိတို့ ဖွင့်ဆိုရှင်းလင်းချက်၊ ကျေးဇူးတရားဖြင့် သူတော်ကောင်း သူယုတ်မာ ခွဲခြားသိနိုင်ပုံ၊ အနန္တဂိုဏ်းဝင် ကျေးဇူးရှင်ဖြစ်သည့် မိဘကျေးဇူးအကြောင်း၊ ဆရာနှင့် တပည့် အပြန်အလှန် ကျေးဇူးပြုပုံ နည်းလမ်းများ၊ လင်နှင့် မယား၊ အရှင်သခင်နှင့် အလုပ်သမား၊ ဆရာ(ရဟန်း)နှင့် ဒကာ၊ မိတ်ဆွေအချင်းချင်း ကျေးဇူးဆပ်ပုံ ကျေးဇူးပြုပုံနှင့် အခြေခံလူမှုကျင့်ဝတ် စည်းကမ်းနည်းလမ်းများကို အသေးစိတ် သိရှိကြရမည်ဖြစ်သည်။
|
|
|
|
|
|
|
|
|