|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ အဆင့် (၁) ဖြေဆိုလိုသော၊ ဂျပန်စာ အခြေခံစနစ်တကျ တတ်မြောက်လိုသော၊ မြန်မာများအတွက် ပြုစုထားသော စာအုပ်ဖြစ်သည်။ သဒ္ဒါပုံစံများတွင်သုံးသော ဝါကျများ၊ သဒ္ဒါ၊ စာဖတ်သင်ခန်းစာ၊ ခန်းဂျိနှင့် ဝေါဟာရများကို စာမေးပွဲနှင့် ဘောင်ဝင်အောင် ပြင်ဆင်ပြုစုထားသည့်အပြင်၊ စာဖတ်မှုကျွမ်းကျင်မှု ရစေရန် ရေးသားပုံစံမတူသော ပုံစံများကို အုပ်စုခွဲကာ ပြုစုထားပြီး အချိန်တိုအတွင်း ထိမိအောင် ဖတ်ရမည့် နည်းလမ်းကောင်းများကိုလည်း ထည့်သွင်းရေးသားထားသည်။ ထို့ပြင် နားထောင်နိုင်စွမ်းရည် မြင့်မားစေရန် သတိပြုရမည့် အချက်များ၊ ခန်းဂျိများ၊ အဓိကလိုအပ်သော ဝေါဟာရများ၊ ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ အဆင့် (၁) မေးခွန်းဟောင်းများ၊ ဂျပန်ဘာသာ လေ့လာရာတွင် ဂရုပြုသင့်သည်များကိုပါ ထည့်သွင်းထားသည့်အတွက် ဂျပန်ဘာသာလေ့လာလိုသူ မြန်မာများအတွက် လက်စွဲထားရမည့် စာအုပ်ဖြစ်မည်မှာ အသေအချာပင်ဖြစ်သည်။ စာအုပ်ကို Grammar Patterns, Reading, Listening Technique, Kanji, Essential Words, J.L.P.T - Exam (LEVEL ) ( Year), Referencesဟူ၍ အခန်းများ ခွဲခြားထားသည်။ စာရေးသူသည် ဂျပန်နိုင်ငံ ကိုဘေးတက္ကသိုလ်မှ ဘာသာဗေဒဘာသာရပ်ဖြင့် ပါရဂူဘွဲ့ကို ထူးချွန်စွာရရှိခဲ့ပြီး ရန်ကုန်မြို့တွင် ကိုယ်ပိုင် ဂျပန်စကားပြောသင်တန်းကို တည်ထောင်ထားသူလည်း ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|