|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: “တရားဦး” ဟူသည်မှာ အခြားမဟုတ်၊ ပိဋကတ် သုံးပုံ၊ နိကာယ်ငါးရပ်လာ တရားတော်တို့တွက် ရှေးဦးရှေ့ဖျားအစ ပထမဟောကြားအပ်သော ဓမ္မစကြာခေါ် ဓမ္မစက္ကပ္ပဝတ္တနသုတ်ပင်ဖြစ်သည်။ ရှေးအဋ္ဌကထာဆရာမြတ်တို့က မြင်နိုင်ခဲ၍ ဟောပြရန် ခက်ခဲသော အရာလေးမျိုးကို မိန့်ဆိုခဲ့ရာ ၎င်းတို့မှာ သစ္စာလေးပါး၊ သင်္ခါရတရား၊ သတ္တဝါတို့၏ ပဋိသန္ဓေ၊ ပဋိစ္စသမုပ္ပါဒ်တရားတို့ဖြစ်ကြသည်။ သစ္စာလေးပါးကို ဓမ္မစကြာတရားဦး၌ မြတ်စွာဘုရားရှင်သည် အထူးဟောကြားတော်မူထားသည်။ ထို ဗုဒ္ဓဝါဒအနှစ်ချုပ် ဓမ္မစကြာတရားသရုပ်ကို မြန်မာစကားပြေဖြင့် သက်သာလွယ်ကူစွာ သိမြင်နိုင်စေရန် ဆရာတော်ဦးသီလာနန္ဒက တိုတိုကျဉ်းကျဉ်းဖြင့် လိုရင်းမျှ ဖွင့်ဆိုရေးသားထားသည်ကို ဤစာအုပ်တွင် ဖတ်ရှုနာကြားကြရမည်ဖြစ်သည်။ ဆရာတော်သည် အမေရိကန်နိုင်ငံရှိ ဓမ္မာနန္ဒဝိဟာရကျောင်းတိုက်ကို စတင်တည်ထောင်ခဲ့သော ဆရာတော်ဖြစ်ပြီး အမေရိကား ထေရဝါဒဗုဒ္ဓဘာသာအသင်း၏ နာယကအပါအဝင် အမေရိကန်နိုင်ငံ၏ ဗုဒ္ဓသာသနာပြုတာဝန်များကို ဦးစီးဆောင်ရွက်ခဲ့သော ဆရာတော်ဖြစ်သည်။ အမေရိကန်ရောက် စာရေးဆရာ ပတ္တမြားခင်က ဆရာတော်နှင့်ပတ်သက်၍ “ဘယ်လောက်ပဲ ကတ်ကတ်သတ်သတ် မေးမေး ဆရာတော်ကတော့ ခပ်ပြုံးပြုံး လေသံအေးအေးနဲ့ ဒက်ခနဲ အဖြေကို ပေးနိုင်တာချည်းပဲ၊ ဆရာတော်ဟာ ဗုဒ္ဓရှင်တော်ရဲ့ တရားဦး အနှစ်သာရကို ထိတွေ့ခံစားကြည်ညိုသဒ္ဓါပွားနိုင်အောင် စွမ်းဆောင်နိုင်သော ပုဂ္ဂိုလ်တစ်ပါးပါပဲ”ဟု ဆရာတော်၏ ပဋိယတ် ပဋိပတ် စွမ်းရည်ကို ချီးမွမ်းထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|