|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: ဆင်းရဲသားများအတွက် အသေးစားငွေချေးလုပ်ငန်း အစီအစဉ် စတင်ကြံဆသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဂရားမင်းဘဏ် ဥက္ကဋ္ဌ နိုဘယ်ဆုရ ပါမောက္ခ ဒေါက်တာ မိုဟာမက်ယူနွတ်၏ အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သည်။ သူသည် ဒါကာတက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး ဖူးလ်ဘရိုက်ပညာသင်ဆုရရှိခဲ့သောကြောင့် အမေရိကန် ကိုလိုရာဒိုတက္ကသိုလ်သို့ တက်ရောက်ကာ ဒေါက်တာဘွဲ့ရယူခဲ့သည်။ သူ၏ ပြန်တော်ပြန်ခရီးတွင် ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ချိန်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၁၉၇၄ ခုနှစ်တွင် အငတ်ဘေးကပ် ကျရောက်ခဲ့ရာ သူသည် ထိုကပ်ဘေးဒုက္ခကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့သည်။ ထိုမှအစပြုကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အချို့တဲ့ဆုံး ဆင်းရဲသားမားအား အသေးစားငွေချေးမှု ပြုမည့် ဂရားမင်းဘဏ်ကို စတင်တည်ထောင်ခဲ့သည်။ သူ၏ဘဏ်သည် ကျေးလက်မှ ဆင်းရဲသားများအား သင့်တော်သောနှုန်းဖြင့်ငွေချေး၍ သူတို့၏ ဘဝကို ပြောင်းလဲစေခဲ့ရာ သူ၏ လုပ်ရပ်အောင်မြင်သဖြင့် နိုင်ငံတကာမှ အာရုံစိုက်မိကာ နိုဘယ်ဆု အပ်နှင်းခြင်းခံရသည်။ စာအုပ်တွင် သူ၏ ငယ်စဉ်ဘဝမှစတင်ကာ ဘဏ်လုပ်ငန်းရှင်ဖြစ်သည်အထိ ကြုံတွေ့ခဲ့ရသော အခက်အခဲများနှင့် ထိုအခက်အခဲများကို သူဘယ်လို ဖြတ်ကျော်ခဲ့ရသည်ဆိုသည်ကို အသေးစိတ် ဖတ်ရှုလေ့လာရမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|