|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- သကုန္တလာ - ပြဇာတ်
-
-
Author(s):
ရဝေထွန်း
- Type: Myanmar Books
-
Category:
အနုပညာ / ဖျော်ဖြေရေး
- No of Pages: 185
- Binding: Paperback
- Publication Month Year: Dec-2000
- Size: 13 cm x 21 cm
|
- Description: အိန္ဒိယစာပေပညာရှင်ကြီး ကာလီဒါသ သက္ကဋဘာသာဖြင့် ရေးသားခဲ့သည့် ကမ္ဘာကျော် ဂန္ထဝင်မြောက် စာပေကြီးဖြစ်သည့် သကုန္တလာပြဇာတ်ကို မြန်မာစာပေ ပရိသတ်များ ပကတိ တိကျသော စာပေအရသာ ခံစားနိုင်စေရန်အတွက် မြန်မာဘာသာသို့ ဆရာတော် ရဝေထွန်းမှ ပြန်ဆိုရေးသားထားခြင်းဖြစ်သည်။ ပြဇာတ်အများတို့တွင် အဖွဲ့အနွဲ့ကောင်းလှသော ဤသကုန္တလာပြဇာတ်သည် အကောင်းဆုံးဖြစ်သည်ဟု စာပေပညာရှင်များ ချီးကျူးခဲ့ရသလို ဆရာတော် ရဝေထွန်း ဘာသာပြန်ခဲ့သော ဤစာအုပ်သည်လည်း ၁၉၅၉ ခုနှစ်အတွက် ယူနက်စကို စာပေဆုကို ရရှိခဲ့သည်။ ကာလီဒါသဆရာကြီးသည် ဤပြဇာတ်ကို သူ၏ စိတ်ကူးဉာဏ်သက်သက်ဖြင့် ရေးသားထားခြင်း မဟုတ်ဘဲ မဟာဘရတခေါ် ဣန္ဒိယ ရှေးဟောင်းကဗျာကျမ်းကြီး၏ အာဒိပဗ္ဗကို ဇာတ်ကြောင်းယူ၍ ရေးသားထားခြင်းဖြစ်သည်။ အာဒိပဗ္ဗ၏ ရှေ့ပိုင်းတွင် “သကုန္တလောပချာန”ခေါ် အခန်းတစ်ခန်းပါရှိရာ ထိုအခန်းလာ သကုန္တလာဝတ္ထုကို မှီငြမ်း၍ စာဖတ်သူများ မပျင်းစေရန် ပါဝင်ထိုက်သော ဇာတ်ကောင်အသစ်များ ဖန်တီးထည့်သွင်းကာ ပြောင်းလွဲရေးသားထားခြင်းဖြစ်သည်။ သို့သော် ကာလီဒါသဆရာကြီး ပြောင်းလဲလိုက်သော အချက်အလက်များမှာ အတော်များလေရာ သူကိုယ်တိုင်ရေး ပြဇာတ်ဟု ထင်ရလောက်အောင်ပင် ဖြစ်သွားလေတော့သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|