|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ပခုက္ကူဝိပဿနာ နည်းပြဆရာကြီး ဦးကြင်ရွှေသည် လောကီလူသားများ ဗုဒ္ဓဒေသနာတော်များကို ပိုင်နိုင်စွာ သိရှိနားလည်စေရန်နှင့် လိုက်နာကျင့်ဆောင်စေရန်အတွက် ပခုက္ကူဝိပဿနာသင်တန်းကြီးများကို ဖွင့်လှစ်ခဲ့ရာ သင်တန်းတစ်ခုစီအတွက် တစ်နှစ်ကျော်ကြာအောင် အချိန်ယူ ပို့ချခဲ့သည်။ သင်တန်းတွင် ပိဋကတ်တော်မှ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာတို့ကို ထုတ်နုတ်၍ သက်ဆိုင်ရာ အကြောင်းအရာအလိုက် သိမ်မွေ့နက်နဲခက်ခဲသည်များကို ပေါ်လွင်ထင်ရှားအောင် ဟောကြား ပို့ချနိုင်ခဲ့သည်။ သင်တန်းပို့ချချက်များတွင် ပညတ်၊ ပရမတ်၊ ရုပ်နာမ်၊ အာယတန၊ ဓာတ်၊ ဝီထိစဉ်၊ လက္ခဏာရေးသုံးပါး၊ ဝိပဿနာဉာဏ်စဉ် ၁ဝ ပါး၊ ပဋိစ္စသမုပ္ပါဒ်၊ သစ္စာလေးပါး၊ နိဗ္ဗာန်တရားတော် အစရှိသည်ဖြင့် အကြောင်အရာစုံပါရှိသည်။ ယခုစာအုပ်သည် သင်တန်းမှ ဆရာကြီး၏ ပို့ချချက်အပြည့်အစုံကို အတွဲ ၄ တွဲခွဲကာ စာအုပ်အဖြစ် စီစဉ်ထုတ်ဝေလိုက်ခြင်းဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|