|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- ရူပသိဒ္ဓိဘာသာဋီကာ (အတွဲ ၂)
-
-
Author(s):
အရှင်ဇနကာဘိဝံသ
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 602
- Binding: Paperback
- Publication Month Year: Jul-2001
- Size: 16 cm x 24 cm
|
- Description: “ရူပသိဒ္ဓိ”ကျမ်းသည် ကစ္စည်းသဒ္ဒါကျမ်းကိုမူထားပြီး လေ့လာသူများ သဒ္ဒါအရာမှာတစ်ဖက်ကမ်းရောက် တတ်မြောက်စေရန် အမွှမ်းတင် ပြင်ဆင်စီရင်ထားသည့်ကျမ်းဖြစ်သည်။ “ရူပသိဒ္ဓိ”ဟူသည်မှာ “သဒ္ဒါမှာ ရုပ် သြင်္ဂိုဟ်မှာ သရုပ်”ဟူသော မြန်မာစကားပုံအတိုင်း “သဒ္ဒါအရာမှာ အရေးကြီးလှသည့်ရုပ်ကို သဘောပေါက်နားလည် အောင်မြင်ပြီးစီးစေသည့်ကျမ်း”ဟူ၍ ဆိုလိုပါသည်။ ရုပ်ဟူသည်မှာလည်း ပါဠိသဒ္ဒါပုဒ်ဝေါဟာရစကားလုံးဟု ဆိုလိုပါသည်။ ယင်း ပုဒ်ဝေါဟာရရုပ်ကို ပုဒ်ဓါတ်ပစ္စည်းဝိဘတ် အနက် အဓိပ္ပာယ်အားလုံးကို တတ်သိနားလည်ခြင်းကိုပင် ရူပသိဒ္ဓိရုပ်ပြီးသည်ဟု ဆိုပါသည်။ တစ်ဆင့်တက်၍ ရူပသိဒ္ဓိရုပ် ပြီးစီးစေရန် လေ့လာသူများအတွက် ရေးသားပြုစုသည့် ကျမ်းကိုလည်း ရူပသိဒ္ဓိကျမ်းဟုခေါ်ပါသည်။ ယင်းရူပသိဒ္ဓိကျမ်းသည်ကား နာမည်နှင့်လိုက်အောင် သဒ္ဒါအရာမှာပါရဂူရောက်တတ်မြောက်စေနိုင်သည့် ကျမ်းတစ်ဆူ ဖြစ်သည်။ မြန်မာပြည်သာသနာဝင်၌ ရူပသိဒ္ဓိကျမ်း အကူအညီဖြင့် ကစ္စည်းသဒ္ဒါကြီးကို လေ့လာဆည်းပူးပြီး ပါဠိသဒ္ဒါကို ကျွမ်းကျင်တတ်မြောက်ပြီး ပါဠိတော်အဋ္ဌကထာ ဋီကာကြီး များကို ပို့ချသင်ပေးနိုင်သူ နိဿယ ပြန်ဆိုနိုင်သူ ဂဏ္ဌိအဖွင့် ရေးသားနိုင်သူ ရဟန်းပညာရှိ လူပညာရှိများစွာ ရှိခဲ့ပေသည်။ ဤမျှ သာသနာမှာ ကျေးဇူးများသည့်ရူပသိဒ္ဓိကျမ်းကို သီဟိုဠ်ကျွန်းသား “အရှင်ဗုဒ္ဓပီယ” ရေးသားပြုစုတော်မူခဲ့သည်၊ ရူပသိဒ္ဓိကျမ်း၏ အဖွင့်ဋီကာကိုလည်း ကျမ်းပြုဆရာတော်ကိုယ်တိုင်ပင် ဖွင့်ဆိုတော်မူသည်၊ ဤမျှသာသနာ၌ ထင်ရှား၍ ကျေးဇူးများသည့် ရူပသိဒ္ဓိကျမ်းကို မြန်မာဘာသာတတ်သူတိုင်း လေ့လာနိုင်စေရန် ဆရာတော် အရှင်ဇနကာဘိဝံသက ဘာသာဋီကာ ရေးသားပြုစုတော်မူသည်။ များပြားကြီးမာလှ၍ ပထမတွဲ ဒုတိယတွဲနှစ်တွဲ ခွဲရိုက်နှိပ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|