|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ပါတိမောက် ဘာသာဋီကာ
-
-
Author(s):
အရှင်ဇနကာဘိဝံသ
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 499
- Binding: Paperback
- Publication Month Year: Apr-2002
- Size: 15 cm x 22 cm
|
- Description: ဒွေမာတိကာသည် ရဟန်းတော်များ ကျင့်သုံးရမည့်သီလဖြစ်၏။ ယင်းသီလသည် သီလဟူသမျှတွင်အကြီးမြတ်ဆုံး သီလဖြစ်သောကြောင့် “ပါတိမောက္ခသီလ”ဟူ၍ အမည်ပေးထားသည်၊ “ပါတိမောက္ခ” ဟူသည်မှာ “ပဋိမုခ” မုဆင်းသက်လာသည်ဖြစ်၍ “အကြီးအမှူး” ဟုအနက်ရှိသည်၊ ထို့ကြောင့် ပါတိမောက္ခသီလဟူသည် “အကြီးအမှူး၊ အကြီးမြတ်ဆုံးသီလ”ဟု အဓိပ္ပာယ်ရှိပေသည်။ ရဟန်းတို့၏ ပါတိမောက္ခသီလသည် သိက္ခာပုဒ်အရေအတွက်ပေါင်း ၂၂၇ပါးရှိသည်။ ပါဠိဘာသာဖြင့် ဟောကြား တော်မူသည်။ ယင်းပါတိမောက္ခသီလများကို ဆရာတော် အရှင်ဇနကာဘိဝံသက မြန်မာပြန် အဓိပ္ပာယ်များ၊ ခက်ဆစ် ရှင်းချက်များ၊ ဆောင်ပုဒ်လင်္ကာများဖြင့် ရှုချင်စဖွယ် ဖွင့်ပြသောကြောင့် ယင်းကျမ်းကို “ပါတိမောက္ခဘာသာဋီကာ ပါတိ မောက်ဘာသာဋီကာ”ဟူ၍ ဆရာတော်က အမည်ပေးထားသည်။ ယင်း ပါတိမောက်ဘာသာဋီကာသည် တိုတိုကျဉ်းကျဉ်းဖြင့် လိုရင်းကို ထိထိမိမိ ဖွင့်ဆိုသောကြောင့် ဝိနည်းကိုလေ့လာသူများ အလွန်အသုံးပြုကြ၏။ ကျေးဇူးလည်း များလှသည်။ ထိုပါတိမောက်ကျမ်းစာသည် ဆရာတော် ရေးသားသော ဝိနည်းဘာသာဋီကာများအနက် ဦးစွာရေးသော ကျမ်းစာဖြစ်သည်။ (ဆရာတော် အရှင်ဇနကာဘိဝံသသည် ပိဋကတ်တော်လာ ပါဠိများနှင့် ၎င်းကို ဖွင့်ဆိုထားသည့် အဋ္ဌကထာများကို မြန်မာနိဿယဖြင့် ပူးတွဲလေ့လာနိုင်ရန် ဘာသာဋီကာများ ပြုစုခဲ့ရာ ဤကျမ်းသည် တစ်ကျမ်းအပါအဝင်ဖြစ်သည်။)
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|